ဒီဇင်ဘာ ၁၉ရက် တနင်္ဂနွေနေ့ ညနေက ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပဒေသာ ကပွဲကို လန်ဒန်မြို့တွင် စနေနေ့က ထူထဲစွာ ကြခဲ့သော နှင်းခဲပြင်များရဲ့ အအေးးဏ်ကို ကြံ့ကြံ့ခံရင်း မြန်မာစာပေနှင့်မြန်မာ့ ယဉ်ကျေးမှုများကို အစဉ်လေးစား ကြွရောက်ကူညီ အားပေးကြသဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြသူများနှင့် ကြွရောက်အားပေး ကြသူတို့ပါ အပြုံးပန်တွေကိုယ်စီ ဝေကြလျှက် နိုင်ခံခြားတွင် တွေ့မြင်ရခဲသော မြန်မာယဉ်ကျေးမှု ပဒေသာ အကများနှင့် မြန်မာရိုးရာ အစားအစာများကို တပျော်တပါး အားပေး ခဲ့ကြသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝတာမို့ မြန်မာတို့တတွေ အတွက်ဂုဏ်ယူ မဆုံးပျော်တပြုံးပြုံး ဖြစ်ခဲ့ရသော ဤလို ယဉ်ကျေးမှုပွဲမျိုး မကြာ ခဏ တင်ဆက်ဖို့ရန်လည်း တောင်းဆိုကြသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို တွေ့မြင်ကြည့်ရှု ခဲ့ကြသော မြန်မာ ကလေးများကပင် မြန်မာလို ပြော မြန်မာလိုစား မြန်မာလို ကတတ်ချင်လာကြသည်မှာ ထိုပွဲ၏ ထူးခြာချက်များဖြစ်၍ စီစဉ်ရသူများအဖို့လည်း ဝမ်းသာပီတိ ရွှင်လန်းအားရ နှစ်သက် ကျေ နပ်မိ ကြပါ သည်။
အကတွေကလည်းကောင်း အဆိုတွေကိုလည်း လက်ခုတ်ဖြောင်းဖြောင်း တီးခတ်ပြီးး မြိန်ယှက်စွာ စားသောက် အားပေးခဲ့ကြတဲ့ အလှူရှင်များ ကြောင့် အလှူငွေတွေလည်း မှန်းထားသည်ထက် ပို၍ရခဲ့ပါသည်။ တဖက်တလမ်းမှ ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေ ထောက်ပံ့ကူညီ ပေးခဲ့သော LSC ( London School of Commerce ) အားလည်းကောင်း ၊ ပွဲ ဖြစ်မြောက်ရေး အတွက် အဆိုအကများနှင့်ဖျော်ဖြေရေး အစားအစာများနှင့် ချက်ပြုတ်ရေး ၊ ဈေးဝယ် ဈေးရောင်း ၊ သန့်ရှင်းရေး ၊ မော်တော်ကား မှစ၍ အဖက်ဖက်မှ ကူညီဆောင်ရွက် လုပ်ကိုင် အားပေးခဲ့ကြသော လူငယ် မောင်မယ်များ အလှူရှင်များအားလည်းကောင်း ၊ ဝေယျာဝစ္စ အဝဝကို ဆောင်ရွက်ပေးခဲ့ကြသော BYA အဖွဲ့ဝင်များအားလည်းကောင်း ကြွရောက်အားပေး လှူဒါန်းကြသော အလှူရှင်များအားလည်ကောင်း ပွဲဖြစ်မြောက်ရေး မြန်မာလူငယ်များ ကိုယ်စား သာသနရံသီ ဝိဟာရ ကျေးဇူးတင် မှတ်တမ်း တင်အပ်ပါသည်။



သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို နာကြားခဲ့ကြပါသည်။ ညနေ (၄)နာရီတွင် အခမ်း အနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ စုပေါင်းဆွမ်းအလှူရှင်များအားလည်းကောင်း ကထိန်သင်္ကန်းအလှူရှင်များအားလည်းကောင်း ယခုနှစ်တွင် ကထိန်သင်္ကန်းကပ်လှူပွဲသို့ကြွရောက်လာကြသောဧည့်ပရိသတ်အားလုံးတို့အား ဒန်ပေါက်ဆွမ်း ၊ ထမင်းတို့ဖြင့်ကျွေးမွေးဧည့်ခံ လှူဒါန်းခဲကြသော အလှူရှင် ကိုမြင့်နိုင် ကိုညီညီမိုး+ မတင့်တင့်အောင်၊ ဒေါက်တာစန်းစန်းနှင့် မောင်ဘိုဘိုပိုင် တို့အားလည်းကောင်း သန့်ရှင်းရေးမှအစ ဝေယျာဝစ္စကုသိုလ်အဝဝကို ပြုလုပ်ပေးခဲ့ကြသော သာသနရံသီ ဒကာ ဒကာမ ကြီးငယ် အားလုံးတို့အားလည်း သာသနရံသီ ဆရာတော်များ , သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းများက လှိုက်လှဲစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ အားလုံးဝမ်းမြောက်အနုမော် သာဓ့ခေါ်နိုင်ကြစေသတည်း။






