မွေးနေ့အလှူနှင့် ဝါဆို အတူယှဉ်ကာနွဲခဲ့ပြီ

ဇူလိုင် ၁၇ ရက်နေ့က ဆရာတော် ဦးဥတ္တရ ရဲ့ မွေးနေ့ ပွဲနှင့် စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပွဲကို လာရောက်လှူဒါန်း အားပေးကြသော ဓမ္မမိတ်ဆွေ ဒကာဒကာမများ  ခင်မင်ရင်းနှီးသူ သံသရာဘဝမှ ညီအစ်ကို မောင်နှစ်မများ အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ၊ အဖက်ဖက်မှ ကူညီအားပေးသူများ ၊ စုပေါင်း ဆွမ်းအလှူရှင်များ ၊ ဝါဆိုသင်္ကန်းအလှူရှင်များအားလုံး ကိုလည်း ကျေးဇူးတင် မှတ်တမ်းတင်ပါကြောင်း  သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းမှ ကျေးဇူးတင်စကားများဖြင့် မှတ်တမ်းတင် နုတ်ခွန်ဆက်သလိုက်ပါသည်။

မေတ္တာဖြင့်

သာသနရံသီ ဂေါပကအဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းသားများ

Posted in သတင်း | Leave a comment

လန်ဒန်မြို့ စုပေါင်း ဗုဒ္ဓနေ့ ပူဇော်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ကြပြီ

၈ ကြိမ်မြောက် ဗြိတိန်နိုင်ငံရောက်  မြန်မာနိုင်ငံသားများ စုပေါင်းကျင်းပခဲ့သော စုပေါင်းဗုဒ္ဓနေ့ ပူဇော်ပွဲကို ၂၂။ ၅. ၂၀၁၁ရက်နေ့က Chiswick  Town Hall မှာကျင်းပ ခဲ့ကြသည်။ သံဃာတော် ၁၉ ပါးကြွရောက်တော်မူကြပြီး မနှစ်ကထက် ပိုပြီး ဧည့်ပရိသတ်တွေများလာတာကို တွေ့ရသည်။ အထူးသဖြင့် ကလေးငယ်များ ပို၍ များပြား လာကြသည်မှာ အောင်မြင်မှု တခုပင်မဟုတ်ပါလား ။ ဝေဿန္တရာဖာတ်တော်ကြီးနှင့် ဆီမီးခွက်ယိမ်းအက တေဘုမ္မာ အကများကိုလည်း နှစ်သက်အားပေးမှု များရှိခဲ့ကြသည်။  ပြည်ပမှာ သာသနာပြုရင်း ကိုယ့်ရဲ့ယဉ်ကျေးမှုများကို ဖြန့်ဝေခွင့်ရရှိလို့ အထူးပင်ဝမ်းမြောက်ဖွယ်ကောင်းလေစွ

Posted in သတင်း | Leave a comment

ဆင်နွှဲချိန်မှန် တာသင်္ကြန်

၁၃၇၃ခုနှစ်သစ်ကို ကြိုဆိုရင်း လန်ဒန်မြို့ သာသနရံသီ ဝိဟာရ  မှ ဦးဆောင်ကျင်းပခဲ့တဲ့ ဧပြီလ ၁၆ရက်၂၀၁၁ခုနှစ်  မြန်မာ့ အတာသင်္ကြန်ပွဲတော်ကို ဗြိတိန်နိုင်ငံကို ရောက်ရှိနေကြတဲ့ရပ်နီးရပ်ဝေးမှ  မြန်မာမိသားစုများ လာရောက်အားပေးကြ ကူညီဝိုင်းဝန်းကြ လှူဒါန်းအားပေးကြတဲ့အတွက် တနှစ်ထက်တနှစ် စည်ကားသိုက်မြိုက်ခဲ့ကြပါတယ်။ နှစ်သစ် ကောင်းဖို့ စုပေါင်ပြုကြတဲ့ သံဃဒါနကုသိုလ်တွေနဲ့ သာသနရံသီ ဝိဟာရ အတွက် ကိုယ်တတ်နိုင်တဲ့ အစားအသောက်များရောင်းချပြီး ရရှိငွေများကို လှူဒါန်းခဲ့ကြလို့လည်း ဒီနှစ်ဆိုရင် အလှူငွေများလည်း တိုးတက်ရရှိခဲ့ပါတယ်။  လူငယ်မောင်မယ်များရဲ့ အဆို အတီး အကများဟာလည်း တနှစ်တမျိုး မရိုးရလေအောင် ကြိုးစားထားကြတာမို့ ပရိသတ်များက အထူးအားပေးခဲ့ကြပါတယ်။ ပြုခဲ့သမျှ ကုသိုလ်အစုတွေကို ထပ်လောင်း၍ သာဓုခေါ်ပါစေကြောင်း

သာသနရံသီ ဂေါပကအဖွဲ့နှင့် ပုညသဟာယ အသင်းသူ အသင်းသားများ

Posted in သတင်း | 141 Comments

ဗုဒ္ဓနေ့ပူဇော်ပွဲ (UK) အောင်မြင်စွာ ကျင်းပပြီးစီး

ယူကေရောက် မြန်မာရဟန်းသံဃာတော်များ ဦးစီးကျင်းပသည့် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနားကို မေလ ၂ရက်နေ့က Chiswick Town Hall တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ယူကေရောက် ရဟန်းသံဃာတော် အပါး၂၀ ခန့်ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားကို မနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၁ နာရီတွင် ရဟန်းသံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းကြပါတယ်။ ထို့နောက် ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ထို့နောက် ဆရာတော်များမှ ဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်နှင့် ပက်သက်သော တရားတော်များကို အသီးသီးဟောကြားတော်မူပါတယ်။

ကြွရောက်လာသည့် ဧည့်ပရိသတ်များကို လန်ဒန်ရောက် ဝါသနာရှင်ညီအစ်ကိုများ စုပေါင်းပါဝင်ကပြတဲ့ မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းပြဇာတ်ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ညနေ ၅ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

Posted in သတင်း | Leave a comment

မြန်မာနှစ်သစ် အတာသင်္ကြန်ကူးမှာ မြူးရွှင်ကာ အထူးပင်ပျှော်ကြမည်

သာသနရံသီ ဆရာတော်များနှင့် ဂေါပက အဖွဲ့ ပုညသဟာယ အသင်းသူ အသင်းသားများ ဦးဆောင်ကျင်းပသော လန်ဒန်ရောက်မြန်မာမိသားစုများ၏ နှစ်စဉ်ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့် စုပေါင်းရဟန်းခံ ရှင်ပြု ။ သံဃဒါနဆွမ်းဆန်မိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ၁၆ ဧပြီလ ၂၀၁၁ စနေနေ့တွင်ကျင်းပမည်ဖြစ်ပါ၍ ကြွရောက်အားပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

Posted in ဖိတ်ကြားခြင်း | 1 Comment

ပျှော်တပြုံးပြုံး ထမနဲပွဲ အောင်မြင်စွာပြီးဆုံး

သာသနရံသီ ဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းထမနဲပွဲတော်ကို  ဖေဖေါ်ဝါရီလရက် ၂၀ရက်  ၂၀၁၁ ခုနှစ် တနင်္ဂနွေနေ့တွင် ညနေ ၃ နာရီမှစ၍ သာသနရံသီဝိဟာရတွင် ကျင်းပခဲ့ကြပြီး အလှူရှင်များနှင့် စုပေါင်းလာရောက် လုပ်အားအလှူ လှူဒါန်းကြသော မိတ်ဆွေများအား သာသနရံသီ ဂေါပက အဖွဲ့နှင့် အလှူရှင်များဖြစ်ကြသော ဒေါက်တာဝင်းထွဋ် +မမေလှမောင်နှင့် မိသားစု ၊ ဒေါက်တာလင်းပင်+ဒေါ်ခင်ခင်ကြီး သား ဒေါက်တာ သူရလင်းပင် တို့က ကျေးဇူးအထူးတင်ရှိပါကြောင်း။

Posted in သတင်း | 1 Comment

နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

လာမည့် ၂၀၁၁ ခု ဇန်နဝါရီလ ၁ ရက်နေ့ တွင်  မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့  အတွက် ဆုတောင်မေတ္တာပို့သပွဲကို လန်ဒန်မြို့ သာသနရံသီ ဝိဟာရတွင် ကျင်းပ ကြမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီမှ စတင်၍ နှစ်သစ် ဆုတောင်းမေတ္တာပို့သပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား Dr ဝင်းထွဋ်+ မမေလှမောင် သား ကိုပေါက် နှင့် မောင် ကိုစိန်လွင်ဦးတို့မှ ကြာဖံဟင်းခါး တိုဖြင့် ကျွေးမွေးဧည့်ခံပြီးလျှင် ၅ နာရီတိတိတွင်  ဆုတောင်းမေတ္တာပို့သပွဲ အစီအစဉ်ကို စတင်ကျင်းပကြမည် ဖြစ်ပါသည်။ နှစ်သစ်ကို ကြိုဆိုရင်း နှစ်သစ်မှာ အစစ အရာရာ အောင်မြင်ချမ်းသာ လိုသော မေတ္တာစေတနာ များဖြင့် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ကြွရောက်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။

သာသနရံသီ ဆရာတော်များ ၊ သာသနရံသီ ဝိဟာရ ဂေါပက နှင့် ပုညသဟာယ အဖွဲ့

Posted in ဖိတ်ကြားခြင်း | 55 Comments

ပြီးမြောက် အောင်မြင် ဝမ်းသာဂုဏ်ယူ ပြုံးပျှော်ရွှင်

ဒီဇင်ဘာ ၁၉ရက် တနင်္ဂနွေနေ့ ညနေက ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပဒေသာ ကပွဲကို လန်ဒန်မြို့တွင် စနေနေ့က ထူထဲစွာ ကြခဲ့သော နှင်းခဲပြင်များရဲ့ အအေးးဏ်ကို ကြံ့ကြံ့ခံရင်း မြန်မာစာပေနှင့်မြန်မာ့ ယဉ်ကျေးမှုများကို အစဉ်လေးစား ကြွရောက်ကူညီ အားပေးကြသဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြသူများနှင့် ကြွရောက်အားပေး ကြသူတို့ပါ အပြုံးပန်တွေကိုယ်စီ ဝေကြလျှက် နိုင်ခံခြားတွင် တွေ့မြင်ရခဲသော မြန်မာယဉ်ကျေးမှု ပဒေသာ အကများနှင့် မြန်မာရိုးရာ အစားအစာများကို တပျော်တပါး အားပေး ခဲ့ကြသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝတာမို့ မြန်မာတို့တတွေ အတွက်ဂုဏ်ယူ မဆုံးပျော်တပြုံးပြုံး ဖြစ်ခဲ့ရသော ဤလို ယဉ်ကျေးမှုပွဲမျိုး မကြာ ခဏ တင်ဆက်ဖို့ရန်လည်း တောင်းဆိုကြသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို တွေ့မြင်ကြည့်ရှု ခဲ့ကြသော မြန်မာ ကလေးများကပင် မြန်မာလို ပြော မြန်မာလိုစား မြန်မာလို ကတတ်ချင်လာကြသည်မှာ ထိုပွဲ၏ ထူးခြာချက်များဖြစ်၍ စီစဉ်ရသူများအဖို့လည်း ဝမ်းသာပီတိ ရွှင်လန်းအားရ နှစ်သက် ကျေ နပ်မိ ကြပါ သည်။

အကတွေကလည်းကောင်း အဆိုတွေကိုလည်း လက်ခုတ်ဖြောင်းဖြောင်း တီးခတ်ပြီးး မြိန်ယှက်စွာ စားသောက် အားပေးခဲ့ကြတဲ့ အလှူရှင်များ ကြောင့် အလှူငွေတွေလည်း မှန်းထားသည်ထက် ပို၍ရခဲ့ပါသည်။ တဖက်တလမ်းမှ ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေ ထောက်ပံ့ကူညီ ပေးခဲ့သော LSC ( London School of Commerce ) အားလည်းကောင်း ၊ ပွဲ ဖြစ်မြောက်ရေး အတွက် အဆိုအကများနှင့်ဖျော်ဖြေရေး အစားအစာများနှင့် ချက်ပြုတ်ရေး ၊ ဈေးဝယ် ဈေးရောင်း ၊ သန့်ရှင်းရေး ၊ မော်တော်ကား မှစ၍ အဖက်ဖက်မှ ကူညီဆောင်ရွက် လုပ်ကိုင် အားပေးခဲ့ကြသော လူငယ် မောင်မယ်များ အလှူရှင်များအားလည်းကောင်း ၊ ဝေယျာဝစ္စ အဝဝကို ဆောင်ရွက်ပေးခဲ့ကြသော BYA အဖွဲ့ဝင်များအားလည်းကောင်း ကြွရောက်အားပေး လှူဒါန်းကြသော အလှူရှင်များအားလည်ကောင်း ပွဲဖြစ်မြောက်ရေး မြန်မာလူငယ်များ ကိုယ်စား သာသနရံသီ ဝိဟာရ ကျေးဇူးတင် မှတ်တမ်း တင်အပ်ပါသည်။

Posted in သတင်း | 2 Comments

သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ

လန်ဒန်မြို့ရဲ့သာသနရံသီဝိဟာရ ကောလင်းဒေး မြန်မာ ဘုန်းကြီး ကျောင်းရဲ့ ကျောင်းသစ်ဖြစ်မြောက်ရေး ရံပုံငွေ ပွဲအဖြစ် သာသနရံသီ ဝိဟာရ ဘုန်းကြီးကျောင်းရဲ့ ဦးဆောင်ညွှန်ကြားမှု့ဖြင့် လန်ဒန်မြို့ ရောက် မြန်မာ လူငယ်များအားလုံး စုပေါင်းလုပ်ဆောင်တဲ့ မြန်မာ့ ရိုးရာ အနုပညာသုခုမ ယဉ်ကျေးမှု့ပဒေသာကပွဲနှင့် စာပေ ဟောပြော ပွဲကို အောက်ပါအစီအစဉ်အတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သတင်း ကောင်း ပါးအပ်ပါတယ်။

မြန်မာ့ရိုးရာ အနုပညာကို မြတ်နိုးကြသူတိုင်း …ယဉ်ကျေးမှု့

ပဒေသာကပွဲနှင့် စာပေဟောပြောပွဲကို ကြည့်ရှု့ခံစားရင်း မြန်မာ့ရိုးရာအစားအသောက်များကိုလည်းစုံလင်စွာ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် ကုသိုလ်လည်းရ၊ ဝမ်းလဲဝ၊ မျက်စိပသာဒလဲဖြစ်၊ စိတ်အပန်းလည်း ပြေစေမှာ မို့ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို မလွတ်တမ်း အားပေး ကြည့်ရှုပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

It’s about time to shine. We would like to invite you to our Burmese traditional cultural variety entertainment & Literary talk in London.

Please kindly Come & Enjoy a fun evening of entertainment, Burmese traditional cultural variety show featuring music, dance, colourful traditional Cabaret costumes, song, comedy and mini Cabaret distinguished performances mainly by London based Burmese generation.

This variety show is fundraising special events for Colindale Monastery, London.

As well as after the variety entertainment, we will sale delicious Burmese traditional foods featuring a several of classic Burmese savoury and sweet dishes together with drinks.

####################################

Our Programme as follow:

Date: 19 December 2010

Time: Door opening >>> 16:00PM

Show starts >>> 17:30PM : 19:00PM

Interval

2nd part starts >>> 19:30PM : 21:00PM

Show end

Foods sale >>> 16:00PM : 22:00PM

Programme end

####################################

Tickets: Adults: £8 (Two for £15)
Free entry for 10 yrs or younger
(Note: The price excludes foods and beverages)

For enquiries or to reserve tickets in advance please call:

02082050221 ( Sasana Ramsi Vihara )
07908815880 (Nge Nge)
07912499738 ( Saw Yan Naing )
07723344933 ( Ma Nilar )

Venue: St. Agnes Center, Gillingham Road, Cricklewood, NW2 1RL

Click here for map

Travel Advice to St. Agnes Center

to St Agnes centre, Gillingham Road, Cricklewood

Train ->> Cricklewood train station – after station exit turn right towards golders green and third left.

Tube ->> from kilburn station take Bus 32, 332, 16, 316, 189 and get off in second bus stop.

5 min walk to gillingham Road along cricklewood lane.

Bus ->> one bus stop from cricklewood lane by 245, 260, 460 towards golders green

Posted in ဖိတ်ကြားခြင်း | 113 Comments

မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး

နိုဝင်ဘာ ၇ ရက် ၂၀၁၀နေ့ ညနေ ၄ နာရီမှစ၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မသိုးကြာင်္သန်းကပ်လှူပူဇော်ပွဲကို ကြွရောက်လာကြသော ဧည့်ပရိတ်တို့အား ကိုမင်းရဲကျော်+နန်းချိုမူအေးတို့မှ ကြာဇံကျော် + ရွှေရင်အေးတို့ဖြင့်ကျွေးမွေးဧည့်ခံကြပြီးနောက် ညနေ ၅ နာရီခွဲမှစ၍ သိဒ္ဓတ္ထမင်းသာ၏ ဆံပင်များကို ဌပနာထားသော တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်နှင့် ကာသိတိုင်းဖြစ်ဝတ်လဲတော် များကို ဌပနာထားသည့် သုဒ္ဓါဝါသ အကနိဋ္ဌဗြဟ္မာဘုံ၌ရှိသော ဒုဿစေတီကို ဆီမီးရောင်ရှိန်ထိန်ဝါဝင်းစွာဖြင့်ပူဇော်ကြပြီးလျှင် မဟာဇယသုခ အောင်မြင်ချမ်းသာ မြတ်စွာ ဘုရားကြီးအား မသိုး ကြာသင်္ကန်းက်လှူ၍ ဆီမီးများဖြင့်ပူဇော် ကန်တော့ကြသည်။ ၄င်းနောက် ဆရာတော်ဦးဥတ္တရမှ မသိုးသင်္ကန်း ကပ်လှူ ပူဇော်ရခြင်း အကြောင်းဖြစ်ပေါ်လာပုံကို ဗုဒ္ဓဝင်ဇာတ်တော်လာ တရားဟောကြားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူပြည်သားအားလုံး ၊ ကမ္ဘာသူကမ္ဘာသားအားလုံးကျန်းမာကြစေရန် မေတ္တာများပို့ကြပြီးနောက် ရေစက်ချ အမျှပေးဝေကြပါသည်။ ကြားကြ မြင်ကြသူအပေါင်း သာဓုခေါ်နိုင်ကြပါစေသော်

Posted in သတင်း | 82 Comments