Category Archives: သတင်း

မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး

နိုဝင်ဘာ ၇ ရက် ၂၀၁၀နေ့ ညနေ ၄ နာရီမှစ၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မသိုးကြာင်္သန်းကပ်လှူပူဇော်ပွဲကို ကြွရောက်လာကြသော ဧည့်ပရိတ်တို့အား ကိုမင်းရဲကျော်+နန်းချိုမူအေးတို့မှ ကြာဇံကျော် + ရွှေရင်အေးတို့ဖြင့်ကျွေးမွေးဧည့်ခံကြပြီးနောက် ညနေ ၅ နာရီခွဲမှစ၍ သိဒ္ဓတ္ထမင်းသာ၏ ဆံပင်များကို ဌပနာထားသော တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်နှင့် ကာသိတိုင်းဖြစ်ဝတ်လဲတော် များကို ဌပနာထားသည့် သုဒ္ဓါဝါသ အကနိဋ္ဌဗြဟ္မာဘုံ၌ရှိသော ဒုဿစေတီကို ဆီမီးရောင်ရှိန်ထိန်ဝါဝင်းစွာဖြင့်ပူဇော်ကြပြီးလျှင် မဟာဇယသုခ အောင်မြင်ချမ်းသာ မြတ်စွာ ဘုရားကြီးအား မသိုး ကြာသင်္ကန်းက်လှူ၍ ဆီမီးများဖြင့်ပူဇော် ကန်တော့ကြသည်။ ၄င်းနောက် ဆရာတော်ဦးဥတ္တရမှ မသိုးသင်္ကန်း ကပ်လှူ ပူဇော်ရခြင်း အကြောင်းဖြစ်ပေါ်လာပုံကို ဗုဒ္ဓဝင်ဇာတ်တော်လာ တရားဟောကြားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူပြည်သားအားလုံး ၊ ကမ္ဘာသူကမ္ဘာသားအားလုံးကျန်းမာကြစေရန် မေတ္တာများပို့ကြပြီးနောက် ရေစက်ချ အမျှပေးဝေကြပါသည်။ ကြားကြ မြင်ကြသူအပေါင်း သာဓုခေါ်နိုင်ကြပါစေသော်

Posted in သတင်း | 82 Comments

စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်

သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ( ၇ ၊ ၁၁ ၊ ၂၀၁၀) တနင်္ဂနွေနေ့တွင်   သာသနရံသီ ဝိဟာရ 83 Booth Road  ဆင်ယင်ကျင်းပခဲ့ပြီး သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၃) ပါးနှင့် ပင့်သံဃာ (၇)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့်  အခြားသောလှူဒါန်းဖွယ်ရာ များကိုး လှူဒါန်းခဲ့ပြီးလျှင် သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို နာကြားခဲ့ကြပါသည်။ ညနေ (၄)နာရီတွင် အခမ်း အနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ စုပေါင်းဆွမ်းအလှူရှင်များအားလည်းကောင်း ကထိန်သင်္ကန်းအလှူရှင်များအားလည်းကောင်း ယခုနှစ်တွင် ကထိန်သင်္ကန်းကပ်လှူပွဲသို့ကြွရောက်လာကြသောဧည့်ပရိသတ်အားလုံးတို့အား ဒန်ပေါက်ဆွမ်း ၊ ထမင်းတို့ဖြင့်ကျွေးမွေးဧည့်ခံ လှူဒါန်းခဲကြသော အလှူရှင် ကိုမြင့်နိုင် ကိုညီညီမိုး+ မတင့်တင့်အောင်၊ ဒေါက်တာစန်းစန်းနှင့် မောင်ဘိုဘိုပိုင် တို့အားလည်းကောင်း သန့်ရှင်းရေးမှအစ ဝေယျာဝစ္စကုသိုလ်အဝဝကို ပြုလုပ်ပေးခဲ့ကြသော သာသနရံသီ ဒကာ ဒကာမ ကြီးငယ် အားလုံးတို့အားလည်း သာသနရံသီ ဆရာတော်များ , သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းများက လှိုက်လှဲစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ အားလုံးဝမ်းမြောက်အနုမော် သာဓ့ခေါ်နိုင်ကြစေသတည်း။
Posted in သတင်း | 129 Comments

ကျန်းမာ ပျှော်ရွှင် နည်းသစ်ထွင် သင်တန်း အောင်မြင်စွာပြီးဆုံး

ကျန်မာရေး အတွက် အထူးလေ့ကျင့်ခဏ်း သင်တန်းကို  စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့ရာ တက်ရောက်လေ့လာသူများအားလုံး  ပျှော်ရ စွာဖြင့် ကျန်းမာရေးလေ့ကျင့်ခဏ်းကို လေ့ကျင့် အားပေးခဲ့ကြသည့် အပြင် နောက်နောင်ကိုလည်း အခုလိုသင်တန်းမျိုး ထပ်မံတက်ရောက်လိုကြကြောင်း နှင့်  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း အကြံကောင်းများပေးသွားခဲ့ကြသည်။

Posted in သတင်း | Comments Off

နွေရာသီ ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာ အခြေခံသင်တန်းအောင်မြင်ပြီးစီး

၁၅၊၈၊၂၀၁၀ နေ့မှစတင်ပြီး  နေ့လည် (၂)နာရီမှ (၄)နာရီအထိ ကလေးသူငယ်များအတွက် အရွယ်အလိုက်    မြန်မာစာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၂၁ ။၈။ ၂၀၁၀နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီးပါသည်။ ယင်းသင်တန်းဆင်းပွဲတွင် ဆရာတော်များနှင့် မိဘများမှ သင်တန်း၏အကျိုး သက်ရောက်မှုများကို ဝမ်းမြောက် ဝမ်းသာစွာ အသီးသီးပြောကြပြီးနောက် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို  အမှတ်တရပေးအပ်ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ နောင်နှစ်နွေရာသီ ကျောင်းပိတ်ရက်များတွင်လည်းအနည်းဆုံး (၂ ) ၀တ်အထိ သင်တန်များဖွင့်လှစ် သွားမည်ဖြစ်ပါသည်။ နွေရာသီသင်တန်းမှအပ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည်(၂)နာရီမှ (၄)နာရီအထိ ပုံမှန် ဆက်လက်သင်ကြား ပေးသွားမည်ဖြစ်ပါသည်။

မှတ်တမ်းဓာတ်ပုံများ

Posted in ဓာတ်ပုံများ, သတင်း | Tagged | Comments Off

အခြေခံ ပါဠိစာဖတ်နည်းသင်တန်း နှင့် ကလေးသူငယ်များအတွက် မြန်မာစာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်မည်

သာသနရံသီဆရာတော်  ဦးဥတ္တရ ဦးဆောင်သင်ကြားမည့် အခြေခံ ပါဠိစာဖတ်နည်းသင်တန်းကို  ၁၅၊၈၊၂၀၁၀ တနင်္ဂနွေနေ့  ညနေ ( ၅ ) နာရီမှ ( ၇) နာရီအထိ အပတ်စဉ် ၃ ပတ်   စတင်ပို့ချသွားမည်ဖြစ်ပါသောကြောင့် တက်ရောက်လိုသူများ ကြိုတင်ဆက်သွယ်  စာရင်းပေးသွင်းနိုင်ကြပါပြီ ။

ကလေးသူငယ်များအတွက် မြန်မာစာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အရွယ်အလိုက် ၁၅၊၈၊၂၀၁၀ နေ့မှစတင်ပြီး  နေ့လည် (၂)နာရီမှ (၄)နာရီအထိ ကျောင်းပိတ်ရက်အတွင်း နေ့စဉ် ဆရာတော်များက သင်တန်းပို့ချပေးမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက သာသနရံသီ ဆရာတော်များထံ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
Ph: 02082050221
Posted in သတင်း | Tagged , | Leave a comment

နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် အတာသင်္ကြန်ပွဲ ကျင်းပပြီးစီး

လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့်  နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ သံဃာတော်များကို သံဃာ့ဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ ထို့နောက် ဧည့်ပရိသတ်များအား နေ့လည်စာထမင်းဟင်းဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပါသည်။ ညနေပိုင်း အစီအစဉ်များအဖြစ် သင်္ကြန်သံချပ်များ၊ သင်္ကြန်သီချင်းများ နှင့် တိုင်းရင်းသားရိုးရာအက (မွန်၊ရခိုင်) တို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ည ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင် လန်ဒန်မှ နန်းအမရ မြန်မာတီးဝိုင်းတို့ဖြင့်တွဲဖက်ဖျော်ဖြေကြပြီး ခေတ်ပေါ်တီးဝိုင်းအနေဖြင့် လန်ဒန်အခြေစိုက် The NOX တီးဝိုင်းက ကုသိုလ်ယူဖျော်ဖြေပေးခဲ့ပါသည်။

ဓာတ်ပုံများ ဆက်လက်ကြည့်ရှူ့ရန်

သင်္ကြန်ပွဲတွင် မှတ်တမ်းတင်ရိုက်ကူးထားသော Video ကို ကျောင်းတော်ကြီးတည်ဆောက်ရန် ရံပုံငွေအဖြစ် မကြာမီရောင်းချသွားမှာဖြစ်လို့  ကုသိုလ်ယူ ဝယ်ယူအားပေးကြပါရန် နှိုးဆော်အပ်ပါသည်။

Posted in ဓာတ်ပုံများ, သတင်း | Tagged , | Leave a comment

သာသနရံသီဝိဟာရ၏ စာပေဟောပြောပွဲနှင့် ထမနဲထိုးပွဲ အောင်မြင်စွာပြီးစီး

1 (3)

သာသနရံသီဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထမနဲပွဲတော်နှင့် စာပေဟောပြောပွဲကို ၃၁ရက် ဇန်နဝါရီ ၂၀၁၀  ခုနှစ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ပြာသိုလ၏ ပွဲတော်ဖြစ်သည့် ထမနဲပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စည်ကားစွာ ကျင်းပကြသကဲ့သို့  မြန်မာပြည်နှင့် အလှမ်းဝေးကွာရာ လန်ဒန်မြို့တွင်လည်း ဆရာတော်နှင့် တပည့်ဒါယိကာ ဒါယိကာမများ၏ လက်တွဲညီဝိုင်းဝန်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ပထမဦးစွာ စာပေဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ ဦးစန်းမောင် (Dr. Gustaaf Houtman) မှ မြန်မာနိုင်ငံ၏ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာ ပညာရပ်များကို ဟောပြောခဲ့ပြီး ပရိတ်သတ်များနှင့် အပြန်အလှန်အမေးအဖြေများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်ထမနဲထိုးပွဲတော်ကို ညနေ ၄ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ထမနဲထိုးရာတွင် ယခင်နှစ်များထက် လူပရိသတ်များပိုမိုပြားပါဝင်လာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရပါသည်။ စာပေဟောပြောပွဲနှင့် ထမနဲပွဲ မှတ်တမ်းတင်ရိုက်ကူးထားသော ဓာတ်ပုံများကိုအောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။

စာပေဟောပြောပွဲနှင့် ထမနဲပွဲတော် အမှတ်တရဓာတ်ပုံများ

Posted in ဓာတ်ပုံများ, လစဉ်လုပ်ငန်းများ, သတင်း | Tagged , | Leave a comment

စာပေဟောပြောပွဲများ ကျင်းပမည်

text_to_speech_main

လန်ဒန်ရောက် မြန်မာမျိုးဆက်သစ်လူငယ်များ ဗဟုသုတဖလှယ်စေနိုင်ရန်နှင့် အတွေ့အကြုံသစ်များ၊ နည်းလမ်းကောင်းများ ရရှိစေရန် အဓိက ရည်ရွယ်ပြီး သာသနရံသီဝိဟာရကျောင်းတွင် စာပေဟောပြောပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ စာပေဟောပြောပွဲများကို လတိုင်း၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်ပါဝင်ဆွေးနွေး နိုင်ကြမည် ဖြစ်ပါသည်။ ဟောပြောမည့် ပုဂ္ဂိုလ်များကိုလည်း လစဉ်အလိုက်၊ ဟောပြောမည့် ခေါင်းစဉ်အလိုက် လုပ်ငန်းကျွမ်းကျင်သည့် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ်ဆွေးနွေးသွားမည်။

ဟောပြောပွဲ အသေးစိတ်ကို စာပေဟောပြောမတိုင်ခင် တစ်ပတ်အလိုတွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ၀၂၀ ၈၂၀၅ ၀၂၂၁ သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Posted in လစဉ်လုပ်ငန်းများ, သတင်း | Tagged | Leave a comment

နှစ်သစ်ဆုတောင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဆရာတော် ဦးဥတ္တရနှင့် ဆရာတော် ဦးသီ

ဓာတ်ပုံများ ဆက်လက်ကြည့်ရှုရန်

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း သာသနရံသီ ဆရာတော်များနှင့် တပည့်ဒါယိကာ ဒါယိကာမများမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ထို့အတူ သာသနရံသီဝိဟာရတွင် ယမန်နေ့ (၁.၁.၂၀၁၀) က နှစ်သစ်ဆုတောင်းပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် စတင်ကျင်းပပြီး ဆရာတော်များနှင့်အတူ နှစ်သစ်အတွက် ပဌာန်းတရားတော်များကို တပည့်ဒါယိကာ ဒါယိကာမများနှင့်တကွ ရွတ်ဖတ်ပူဇော်ပြီး နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသား မြန်မာပြည်သူပြည်သားအပေါင်းနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းပါစေကြောင်း အတူတကွ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

ဆုတောင်းပွဲ ကြွရောက်လာသည့် ဧည့်ပရိသတ်များကို ဒေါက်တာဝင်းထွဋ် + မမေလှမောင်နှင့် သား ကိုပေါက်တို့မှ ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို ညနေ ၇ နာရီခန့်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

Posted in လစဉ်လုပ်ငန်းများ, သတင်း | Tagged | Leave a comment

၂ဝ၁ဝ နှစ်သစ်ဆုတောင်းပွဲ ကျင်းပမည်

DSC_0486

လာမည့် ၂၀၁၀ နှစ်သစ် မေတ္တာပို့ဆုတောင်းပွဲကို ဇန်နဝါရီလ (၁) ရက် ညနေ (၃)နာရီ တွင် သာသနရံသီ ဝိဟာရတွင်  ကျင်းပမည်ဖြစ်ပါသည်။ ကြွရောက် လာကြသော ဧည့်ပရိသတ်တို့အား ဒေါက်တာဝင်းထွဋ္ဋ် နှင့် မမေလှမောင် သားကိုပေါက်တို့ မှ ကြာဇံဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးကြပါမည်။

Posted in သတင်း | Leave a comment