သြဝါဒါစရိယ ဆရာတော်ကြီးများ

ပီနန်ဆရာတော် ဦးပညာဝံသသာသနရံသီ ဆရာတော်များ

Updates News
Other Information
Myanmar Font Download
If you can't see burmese characters in this website (only see square characters), you need to download and install Zawgyi Font. Download Hereလက်ရှိလုပ်ငန်းစဉ်များ
လစဉ်လုပ်ငန်းများ
ရှေ့လုပ်ငန်းစဉ်များ
ရံသီကျောင်းများ - ဥရောပ
Blogroll
Join our Group on Facebook
Recent Comments
- HARRY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JEREMY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JACKIE on မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး
- nathaniel on သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ
- BRETT on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
Category Archives: သတင်း
နိဗ္ဗာန်ဈေးရောင်းပွဲ လှူဒါန်းသူများပြား ကုသိုလ်တွေလည်း အရမနည်းလှပေ
ဒီနှစ် နိဗ္ဗာန်ဈေးရောင်းပွဲတွင် ထူးထူးခြားခြား မြန်မာအစားအစာများကို ယခင်နှင့်မတူဘဲ တမူထူးခြား၍ အဝစား စနစ်ဖြင့် လန်ဒန်ရောက်မြန်မာ လူငယ်အဖွဲ့နှင့် သာသနရံသီ ဝိဟာရ ပုညသဟာယ အသင်းသူအသင်းသားများက ကျင်းပပြုလုပ်လှူဒါန်းကြရာ လူအများစိတ်ဝင်စားပြီး အထူးအားပေးကြသဖြင့် အလှူငွေများလည်း ပိုမိုရရှိပါသည်။ အစားအသောက် အလှူရှင်များ ၊ ပါဝင်ကူညီ ချက်ပြုတ်လုပ်ကိုင်ပေး ကြသော ဝေယျာဝစ္စ ကုသိုလ်ရှင်များ ၊ လာရောက်အားပေးလှူဒါန်းကြသူများ အစစအရာရာ အဘက်ဘက်မှ ကူညီပံ့ပိုး လှူဒါန်းကြသူများနှင့် ဤနိဗ္ဗာန်ဈေးရောင်းပွဲတော်ဖြစ်မြောက်ရေးအတွက် စီစဉ်ကြသူ မြန်မာလူငယ်အဖွဲ့ဝင်များ အားလုံးကို သာသနရံသီ ဆရာတော်များနှင့် ဂေါပက အဖွဲ့မှ လိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ နောက်နောင်ကိုလည်း ဆထက်တပိုး တိုး၍ လှူဒါန်းနိုင်ကြပါစေဟု ဆုတောင်းပြုလျှက်
Posted in သတင်း
Leave a comment
ကထိန်ပွဲကြီး ချိမ့်ချိမ့်သဲ ဆင်နွှဲခဲ့ပြီ
အောက်တိုဘာ ၂၃ရက် နေ့က ကျင်းပပြီးစီးခဲ့သော သာသနရံသီ ဝိဟာရ၏ ၁၉ ကြိမ်မြောက် စုပေါင်းဘုံကထိန်သင်္ကန်းကပ်လှူပွဲသို့ ကြွရောက်ချီးမြှင့်အားပေးကြသော ဆရာတော်သံဃာတော်များ ၊ ကထိန်သင်္ကန်းအလှူရှင်များ၊ ဆွမ်းအလှူရှင်များ ၊ အချိုပွဲ အလှူရှင်များ ၊ ဝေယျာဝစ္စဆောင်ရွက်ပေးကြသော ပုဂ္ဂိုလ်များ ၊ ကထိန်အလှူသို့ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အားလုံးအား ဒန်ပေါက်ဆွမ်း လှူဒါန်းခဲ့ ကြသော ဒေါက်တာစန်းစန်း ၊ ကိုမြင့်နိုင်၊ ကိုသွင်ညီညီမိုး+မတင့်တင့်အောင် ၊ မလေးလေးနွယ် ၊မောင်ဘိုဘိုပိုင် တို့အား သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းသားများက လှိုက်လှဲစွာကျေးဇူးတင်ပါကြောင်း နှင့် ပြုသမျှကုသိုလ်အဝဝကိုလည်း အမျှပေးဝေ လိုက်ပါကြောင်း ယခင်နှစ်များကထက်ယခုနှစ်တွင် အလှူငွေများ ၊ ဧည့်ပရိတ်များ ပိုမိုများပြားခဲ့သည့်အတွက် အထူးပင်ကျေနပ် ဝမ်းမြောက်မိ ပါကြောင်း သာသနရံသီ ဆရာတော်များနှင့် ဒါယကာဒါယိကာမများမှ အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Posted in သတင်း
Leave a comment
နွေရာသီ ယဉ်ကျေးမှု ဗုဒ္ဓဘာသာ သင်တန်းပြီးမြောက်အောင်မြင်
ယခုနှစ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နှင့် (၁၀ )ရက် တရားစခန်း တရားထိုင်နည်း သင်တန်းများကို သြဂုတ်လ ( ၉ ) ရက်နေ့မှစ၍( ၂၀ ) အထိကျင်းပခဲ့ရာ အောင်မြင်စွာပြီးဆုံးခဲ့သည်။ (၃)နှစ်မှ အထက် လူငယ် မောင်မယ် (၃၀)ခန့်တက်ရောက်ခဲ့ကြသဖြင့် မိဘများ သင်တန်း ဆရာများကလည်း အထူးပင်ဝမ်းမြောက်ခဲ့ကြသည်။ နောင်ခေတ် ဗုဒ္ဓဘာသာဝင်ကောင်းများ တိုးပွားလာစေရန် ရည်သန်သဖြင့် နောင်နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်များ တွင်လည်း ထို့အတူပင် ယဉ်ကျေးမှု သင်တန်းများ ဆက်လက်၍ ကျင်းပ ပေး သွားကြဖို့ရန်လည်း မိဘများက အထူးလိုလား ဆန္ဒရှိနေကြသည်။ ထို့ပြင် စာသင် ကျောင်းများပြန်လည် ဖွင့်လှစ်ပါက သင်နေကြ စနေနေ့တိုင်း မြန်မာစာ သင်တန်းများကိုလည်း စက်တင်ဘာ၂၄ရက် ၂၀၁၁နေ့မှစ၍ ပြန်လည်ဖွင့်လှစ် သင်ကြားမည်ဖြစ်သည်။
Posted in သတင်း
Leave a comment
မွေးနေ့အလှူနှင့် ဝါဆို အတူယှဉ်ကာနွဲခဲ့ပြီ
ဇူလိုင် ၁၇ ရက်နေ့က ဆရာတော် ဦးဥတ္တရ ရဲ့ မွေးနေ့ ပွဲနှင့် စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပွဲကို လာရောက်လှူဒါန်း အားပေးကြသော ဓမ္မမိတ်ဆွေ ဒကာဒကာမများ ခင်မင်ရင်းနှီးသူ သံသရာဘဝမှ ညီအစ်ကို မောင်နှစ်မများ အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ၊ အဖက်ဖက်မှ ကူညီအားပေးသူများ ၊ စုပေါင်း ဆွမ်းအလှူရှင်များ ၊ ဝါဆိုသင်္ကန်းအလှူရှင်များအားလုံး ကိုလည်း ကျေးဇူးတင် မှတ်တမ်းတင်ပါကြောင်း သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းမှ ကျေးဇူးတင်စကားများဖြင့် မှတ်တမ်းတင် နုတ်ခွန်ဆက်သလိုက်ပါသည်။
မေတ္တာဖြင့်
Posted in သတင်း
Leave a comment
လန်ဒန်မြို့ စုပေါင်း ဗုဒ္ဓနေ့ ပူဇော်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ကြပြီ
၈ ကြိမ်မြောက် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကျင်းပခဲ့သော စုပေါင်းဗုဒ္ဓနေ့
ပူဇော်ပွဲကို ၂၂။ ၅. ၂၀၁၁ရက်နေ့က Chiswick Town Hall မှာကျင်းပ ခဲ့ကြသည်။ သံဃာတော် ၁၉ ပါးကြွရောက်တော်မူကြပြီး မနှစ်ကထက် ပိုပြီး ဧည့်ပရိသတ်တွေများလာတာကို တွေ့ရသည်။ အထူးသဖြင့် ကလေးငယ်များ ပို၍ များပြား လာကြသည်မှာ အောင်မြင်မှု တခုပင်မဟုတ်ပါလား ။ ဝေဿန္တရာဖာတ်တော်ကြီးနှင့် ဆီမီးခွက်ယိမ်းအက တေဘုမ္မာ အကများကိုလည်း နှစ်သက်အားပေးမှု များရှိခဲ့ကြသည်။ ပြည်ပမှာ သာသနာပြုရင်း ကိုယ့်ရဲ့ယဉ်ကျေးမှုများကို ဖြန့်ဝေခွင့်ရရှိလို့ အထူးပင်ဝမ်းမြောက်ဖွယ်ကောင်းလေစွ
Posted in သတင်း
Leave a comment
ဆင်နွှဲချိန်မှန် တာသင်္ကြန်
၁၃၇၃ခုနှစ်သစ်ကို ကြိုဆိုရင်း လန်ဒန်မြို့ သာသနရံသီ ဝိဟာရ မှ ဦးဆောင်ကျင်းပခဲ့တဲ့ ဧပြီလ ၁၆ရက်၂၀၁၁ခုနှစ် မြန်မာ့ အတာသင်္ကြန်ပွဲတော်ကို ဗြိတိန်နိုင်ငံကို ရောက်ရှိနေကြတဲ့ရပ်နီးရပ်ဝေးမှ မြန်မာမိသားစုများ လာရောက်အားပေးကြ ကူညီဝိုင်းဝန်းကြ လှူဒါန်းအားပေးကြတဲ့အတွက် တနှစ်ထက်တနှစ် စည်ကားသိုက်မြိုက်ခဲ့ကြပါတယ်။ နှစ်သစ် ကောင်းဖို့ စုပေါင်ပြုကြတဲ့ သံဃဒါနကုသိုလ်တွေနဲ့ သာသနရံသီ ဝိဟာရ အတွက် ကိုယ်တတ်နိုင်တဲ့ အစားအသောက်များရောင်းချပြီး ရရှိငွေများကို လှူဒါန်းခဲ့ကြလို့လည်း ဒီနှစ်ဆိုရင် အလှူငွေများလည်း တိုးတက်ရရှိခဲ့ပါတယ်။ လူငယ်မောင်မယ်များရဲ့ အဆို အတီး အကများဟာလည်း တနှစ်တမျိုး မရိုးရလေအောင် ကြိုးစားထားကြတာမို့ ပရိသတ်များက အထူးအားပေးခဲ့ကြပါတယ်။ ပြုခဲ့သမျှ ကုသိုလ်အစုတွေကို ထပ်လောင်း၍ သာဓုခေါ်ပါစေကြောင်း
Posted in သတင်း
141 Comments
ဗုဒ္ဓနေ့ပူဇော်ပွဲ (UK) အောင်မြင်စွာ ကျင်းပပြီးစီး
ယူကေရောက် မြန်မာရဟန်းသံဃာတော်များ ဦးစီးကျင်းပသည့် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနားကို မေလ ၂ရက်နေ့က Chiswick Town Hall တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ယူကေရောက် ရဟန်းသံဃာတော် အပါး၂၀ ခန့်ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားကို မနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၁ နာရီတွင် ရဟန်းသံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းကြပါတယ်။ ထို့နောက် ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ထို့နောက် ဆရာတော်များမှ ဗုဒ္ဓနေ့ နေ့ထူးနေ့မြတ်နှင့် ပက်သက်သော တရားတော်များကို အသီးသီးဟောကြားတော်မူပါတယ်။
ကြွရောက်လာသည့် ဧည့်ပရိသတ်များကို လန်ဒန်ရောက် ဝါသနာရှင်ညီအစ်ကိုများ စုပေါင်းပါဝင်ကပြတဲ့ မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းပြဇာတ်ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ညနေ ၅ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
Posted in သတင်း
Leave a comment
ပျှော်တပြုံးပြုံး ထမနဲပွဲ အောင်မြင်စွာပြီးဆုံး
သာသနရံသီ ဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းထမနဲပွဲတော်ကို ဖေဖေါ်ဝါရီလရက် ၂၀ရက် ၂၀၁၁ ခုနှစ် တနင်္ဂနွေနေ့တွင် ညနေ ၃ နာရီမှစ၍ သာသနရံသီဝိဟာရတွင် ကျင်းပခဲ့ကြပြီး အလှူရှင်များနှင့် စုပေါင်းလာရောက် လုပ်အားအလှူ လှူဒါန်းကြသော မိတ်ဆွေများအား သာသနရံသီ ဂေါပက အဖွဲ့နှင့် အလှူရှင်များဖြစ်ကြသော ဒေါက်တာဝင်းထွဋ် +မမေလှမောင်နှင့် မိသားစု ၊ ဒေါက်တာလင်းပင်+ဒေါ်ခင်ခင်ကြီး သား ဒေါက်တာ သူရလင်းပင် တို့က ကျေးဇူးအထူးတင်ရှိပါကြောင်း။
ပြီးမြောက် အောင်မြင် ဝမ်းသာဂုဏ်ယူ ပြုံးပျှော်ရွှင်
ဒီဇင်ဘာ ၁၉ရက် တနင်္ဂနွေနေ့ ညနေက ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပဒေသာ ကပွဲကို လန်ဒန်မြို့တွင် စနေနေ့က ထူထဲစွာ ကြခဲ့သော နှင်းခဲပြင်များရဲ့ အအေးးဏ်ကို ကြံ့ကြံ့ခံရင်း မြန်မာစာပေနှင့်မြန်မာ့ ယဉ်ကျေးမှုများကို အစဉ်လေးစား ကြွရောက်ကူညီ အားပေးကြသဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြသူများနှင့် ကြွရောက်အားပေး ကြသူတို့ပါ အပြုံးပန်တွေကိုယ်စီ ဝေကြလျှက် နိုင်ခံခြားတွင် တွေ့မြင်ရခဲသော မြန်မာယဉ်ကျေးမှု ပဒေသာ အကများနှင့် မြန်မာရိုးရာ အစားအစာများကို တပျော်တပါး အားပေး ခဲ့ကြသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝတာမို့ မြန်မာတို့တတွေ အတွက်ဂုဏ်ယူ မဆုံးပျော်တပြုံးပြုံး ဖြစ်ခဲ့ရသော ဤလို ယဉ်ကျေးမှုပွဲမျိုး မကြာ ခဏ တင်ဆက်ဖို့ရန်လည်း တောင်းဆိုကြသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို တွေ့မြင်ကြည့်ရှု ခဲ့ကြသော မြန်မာ ကလေးများကပင် မြန်မာလို ပြော မြန်မာလိုစား မြန်မာလို ကတတ်ချင်လာကြသည်မှာ ထိုပွဲ၏ ထူးခြာချက်များဖြစ်၍ စီစဉ်ရသူများအဖို့လည်း ဝမ်းသာပီတိ ရွှင်လန်းအားရ နှစ်သက် ကျေ နပ်မိ ကြပါ သည်။
အကတွေကလည်းကောင်း အဆိုတွေကိုလည်း လက်ခုတ်ဖြောင်းဖြောင်း တီးခတ်ပြီးး မြိန်ယှက်စွာ စားသောက် အားပေးခဲ့ကြတဲ့ အလှူရှင်များ ကြောင့် အလှူငွေတွေလည်း မှန်းထားသည်ထက် ပို၍ရခဲ့ပါသည်။ တဖက်တလမ်းမှ ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေ ထောက်ပံ့ကူညီ ပေးခဲ့သော LSC ( London School of Commerce ) အားလည်းကောင်း ၊ ပွဲ ဖြစ်မြောက်ရေး အတွက် အဆိုအကများနှင့်ဖျော်ဖြေရေး အစားအစာများနှင့် ချက်ပြုတ်ရေး ၊ ဈေးဝယ် ဈေးရောင်း ၊ သန့်ရှင်းရေး ၊ မော်တော်ကား မှစ၍ အဖက်ဖက်မှ ကူညီဆောင်ရွက် လုပ်ကိုင် အားပေးခဲ့ကြသော လူငယ် မောင်မယ်များ အလှူရှင်များအားလည်းကောင်း ၊ ဝေယျာဝစ္စ အဝဝကို ဆောင်ရွက်ပေးခဲ့ကြသော BYA အဖွဲ့ဝင်များအားလည်းကောင်း ကြွရောက်အားပေး လှူဒါန်းကြသော အလှူရှင်များအားလည်ကောင်း ပွဲဖြစ်မြောက်ရေး မြန်မာလူငယ်များ ကိုယ်စား သာသနရံသီ ဝိဟာရ ကျေးဇူးတင် မှတ်တမ်း တင်အပ်ပါသည်။
Posted in သတင်း
2 Comments
မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး
နိုဝင်ဘာ ၇ ရက် ၂၀၁၀နေ့ ညနေ ၄ နာရီမှစ၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မသိုးကြာင်္သန်းကပ်လှူပူဇော်ပွဲကို ကြွရောက်လာကြသော ဧည့်ပရိတ်တို့အား ကိုမင်းရဲကျော်+နန်းချိုမူအေးတို့မှ ကြာဇံကျော် + ရွှေရင်အေးတို့ဖြင့်ကျွေးမွေးဧည့်ခံကြပြီးနောက် ညနေ ၅ နာရီခွဲမှစ၍ သိဒ္ဓတ္ထမင်းသာ၏ ဆံပင်များကို ဌပနာထားသော တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်နှင့် ကာသိတိုင်းဖြစ်ဝတ်လဲတော် များကို ဌပနာထားသည့် သုဒ္ဓါဝါသ အကနိဋ္ဌဗြဟ္မာဘုံ၌ရ
ှိသော ဒုဿစေတီကို ဆီမီးရောင်ရှိန်ထိန်ဝါဝင်းစွာဖြင့်ပူဇော်ကြပြီးလျှင် မဟာဇယသုခ အောင်မြင်ချမ်းသာ မြတ်စွာ ဘုရားကြီးအား မသိုး ကြာသင်္ကန်းက်လှူ၍ ဆီမီးများဖြင့်ပူဇော် ကန်တော့ကြသည်။ ၄င်းနောက် ဆရာတော်ဦးဥတ္တရမှ မသိုးသင်္ကန်း ကပ်လှူ ပူဇော်ရခြင်း အကြောင်းဖြစ်ပေါ်လာပုံကို ဗုဒ္ဓဝင်ဇာတ်တော်လာ တရားဟောကြားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူပြည်သားအားလုံး ၊ ကမ္ဘာသူကမ္ဘာသားအားလုံးကျန်းမာကြစေရန် မေတ္တာများပို့ကြပြီးနောက် ရေစက်ချ အမျှပေးဝေကြပါသည်။ ကြားကြ မြင်ကြသူအပေါင်း သာဓုခေါ်နိုင်ကြပါစေသော်
Posted in သတင်း
82 Comments


