Category Archives: ဖိတ်ကြားခြင်း

မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်

လာမည့် ၂၁ရက် နိုဝင်ဘာလ ၂၀၁၀နေ့ ညနေ (၄)နာရီမှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့ သာသနရံသီ ဝိဟာရ တွင် သီတင်းသုံးစံပါယ်တော်မူသော မဟာဇေယျသုခ အောင်မြင်ချမ်းသာမြတ်စွာဘုရားကြီးအား မသိုးကြာသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော် ကြပြီး ဆီမီးမျာထွန်းညှိပူဇော်ကြပါမည်။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့အား ကိုမင်းရဲကျော်+နန်းချိုမူအေး တို့မှ  ကြာဖံကျော်ဖြင့် ကျွေးမွေး ဧည့်ခံပါမည်ဖြစ်၍ ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ အား ကြွရောက်ကုသိုလ်ယူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

မေတ္တာဖြင့်

သာသနရံသီ ဝီဟာရ

Posted in ဖိတ်ကြားခြင်း | 46 Comments

လှူကထိန် သင်္ကန်နှင့် မဂ်လမ်းကိုရွယ်

ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား …
သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ( ၇ ၊ ၁၁ ၊ ၂၀၁၀) တနင်္ဂနွေနေ့တွင်   သာသနရံသီ ဝိဟာရ 83 Booth Road  ဆင်ယင်ကျင်းပမည်ဖြစ်ရာ သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၃) ပါးနှင့် ပင့်သံဃာ (၇)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့်  အခြားသော  လှူဒါန်းဖွယ်ရာများကို ဘုရားရှင်နှင့် တကွ ပရမတ္ထသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ်  စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက်သန်စွာဖြင့်  နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင် သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူလိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကထိန်သင်္ကန်းနှင့်တကွ မိမိတို့ လှူဒါန်းလိုသော အခြားလှူဖွယ် ပစ္စည်းများကိုလည်း ပဒေသာပင် သီးရန်အတွက် ကြိုတင်၍ လှူဒါန်းနိုင်ကြပြီး ကထိန်သင်္ကန်း တစ်စုံလျှင် ပေါင်စတာလင် ၃၅ နှုန်းဖြင့် သာသနရံသီဝိဟာရ (ဖုန်း – ၀၂၀ ၈၂၀၅၀၂၂၁) သို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ကြပါသည်။ဖိတ်စာအသေးစိတ်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

မေတ္တာဖြင့်

သာသနရံသီဂေါပကအဖွဲ့နှင့် ပုညသဟာယအသင်း

Posted in ဖိတ်ကြားခြင်း | Comments Off

ကျန်းမာ ပျှော်ရွှင် နည်းသစ်ထွင်

လာမည့် ကြာသာပတေး ( ၁၆ ၊ ၀၉ ၊ ၂၀၁၀ ) နေ့တွင် နေ.လည် (၁၂ )နာရီမှ နေ့လည် ( ၂ ) နာရီအထိ သာသနရံသီ ဝိဟာရ တွင်  ကျန်မာရေး ပညာပေး လေ့ကျင့်ခဏ်း အထူးသင်တန်းကို တရုပ် ဆေးပညာနှင့် ပန်းချီဆရာကြီးက ဗုဒ္ဓ၏ တရားတော်များနှင့်အညီ ပြသပေးပါမည်။

Posted in ဖိတ်ကြားခြင်း | Leave a comment

မဟာသတိပဌာန် တရားအားထုတ်ပုံ အားထုတ်နည်း အခြေခံသင်တန်း

လန်ဒန်မြို့ သာသနရံသီဝိဟာရတွင် ဝါတွင်းအကြို တရားစခန်းပွဲနှင့် မဟာသတိပဌာန် တရားအားထုတ်နည်း အခြေခံသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပို့ချသွားမည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများနှင့် တရားအားထုတ်လိုသူ ဓမ္မမိတ်ဆွေများ သာသနရံသီဝိဟာရသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။

သင်တန်း – မဟာသတိပဌာန် တရားအားထုတ်ပုံ အားထုတ်နည်း အခြေခံ

သင်တန်းဆရာတော် – ဆရာတော် ဦးဥတ္တရ၊ ဆရာတော် ဦးသီလိဌ

သင်တန်းကာလ – ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၂၄ ရက်နေ့အထိ

သင်တန်းအချိန် – (က) နံနက် (၉) နာရီမှ (၁၁) နာရီထိ

(ခ) နေ့လည် (၂) နာရီမှ ညနေ (၅) နာရီထိ

မှတ်ချက် – အချိန်ပြည့်ဖြစ်စေ၊ နာရီပိုင်းဖြစ်စေ လာရောက်၍ တရားအားထုတ်နိုင်ပါသည်။

တရားပွဲ – ညနေ (၆း၃၀) မှ (၇း၀၀) နာရီအထိ သာသနရံသီဆရာတော်များက ဗဟုသုတရဖွယ်ရာ ဒေသနာများကို အလှည့်ကျ ဟောပြောသွားမည်ဖြစ်ပါသည်။

ဌာန – သာသနရံသီဝိဟာရ 83, Booth Road, Colindale, NW9 5JU London

Ph – 020 8205 0221

Posted in ဖိတ်ကြားခြင်း | Tagged | Leave a comment

ဝါဆိုသင်္ကန်းကပ်လှူပွဲ နှင့် ဆရာတော် ဦးဥတ္တရ၏ မွေးနေ့မင်္ဂလာပွဲ ဖိတ်ကြားခြင်း

သာသနရံသီဂေါပကအဖွဲ့မှ ဦးဆောင်၍ ၁၃၇၂ခု၊ ဒုတိယ ဝါဆိုလပြည့်နေ့ ၂၅.၀၇.၂၀၁၀ တနင်္ဂနွေနေ့နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုသင်္ကန်း ကပ်လှူပွဲနှင့် ဆရာတော် ဦးဥတ္တရ၏ ၅၃ နှစ်ပြည့်မွေးနေ့မင်္ဂလာပူဇော်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် အတူတကွ ကုသိုလ်ယူတက်ရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
———–

၁။ နေ့လည် ၁၁ နာရီတွင် သံဃာတော်များအား သာသနရံသီဝိဟာရ၌ ဆွမ်းဆပ်ကပ်လှူဒါန်းပါမည်။

၂။ နေ့လည် ၁၁:၃၀ မှ နေ့လည် ၁:၃၀ အထိ ဧည့်ပရိသတ်များအား သာသနရံသီဝိဟာရ၌ ကျွေးမွေးဧည့်ခံပါမည်။

၃။ နေ့လည် ၂ နာရီတွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆရာတော်ဦးဥတ္တရ၏ မွေးနေ့မင်္ဂလာအခမ်းအနားကျင်းပပါမည်။

မှတ်ချက်။ ။ ဝါဆိုသင်္ကန်းတစ်စုံလျှင် ၃၅ ပေါင်နှုန်းဖြင့် သာသနရံသီဝိဟာရသို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Invitation to Waso Robe Offering Ceremony

The Trustees of the Sasana Ramsi Vihara are pleased to invite you & your family as well as your friends to our Waso Robe Offering Ceremony and 53th Birthday Ceremony of Ven:; U Uttara (Chief Abbot and Ex-officio Trustee of Sasana Ramsi Vihara) to celebrate as per schedule.

This ceremony is not only the merit making Waso Robe offering but also keeping up our Burmese tradition with exotic traditional food. You will enjoy meeting your old friends and making new ones as well.

Programme

1. Offering of lunch for monks at 11am in (Monastery) 83 Booth Road, Colindale NW9 5JU

2. Lunch for Laities at 11:30am to 1:30pm in (Monastery) 83 Booth Road, Colindale NW9 5JU

3. Offering Waso Robe and Birthday Ceremony at 2pm in Sasanaramsi Vihara

Venue

Sasanaramsi Vihara

83, Booth Road

Colindale

NW9 5JU

London, UK

Date – 25/07.2010

Time – 10am to 5pm

Posted in ဖိတ်ကြားခြင်း | Tagged , | Leave a comment

သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အတာသင်္ကြန်ပွဲ ကျင်းပမည်

သာသနရံသီဝိဟာရ ဆရာတော်များဦးဆောင်မှုဖြင့် လန်ဒန်ရောက် မြန်မာမိသားစုများ၏ နှစ်စဉ်ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့် အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲ၊ နဝမ အကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ အတူတကွ ကုသိုလ်ယူပါဝင်နိုင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ အသေးစိတ် အစီအစဉ်များကို အောက်တွင် ကြည့်ရှူ့နိုင်ပါသည်။

Posted in ဖိတ်ကြားခြင်း | Tagged , , | 1 Comment

ထမနဲပွဲ နှင့် စာပေဟောပြောပွဲ ကျင်းပမည်

img2

သာသနရံသီဝိဟာရကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းထမနဲပွဲတော်ကို လာမည့် ဇန်နဝါရီလ ၃၁ ရက် ၂၀၁၀ ခုနှစ် တနင်္ဂနွေနေ့တွင် ညနေ ၃ နာရီမှစ၍ သာသနရံသီဝိဟာရတွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါထမနဲပွဲနှင့်အတူ စာပေဟောပြောပွဲကိုလည်း အတူကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ ဓမ္မမိတ်ဆွေအပေါင်းနှင့် ဒါယိကာ ဒါယိကာမအပေါင်းတို့အား ဖိတ်ကြားအပ်ပါသည်။

ဟောပြောမည့် Speaker : Dr. Gustaaf Houtman (ဦးစန်းမောင်)
Topic : မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ

Posted in ဖိတ်ကြားခြင်း, လစဉ်လုပ်ငန်းများ | Tagged | Leave a comment

တန်ဆောင်တိုင်မီးထွန်းပွဲ နှင့် အောင်မြင်ချမ်းသာ ဘုရားကြီးအား မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲ

လာမည့် နိုဝင်ဘာ (၁) ရက်နေ့တွင် သာသနရံသီဝိဟာရတွင် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် အောင်မြင်ချမ်းသာ ဘုရားကြီးအား မသိုးသင်္ကန်းပူဇော်ပွဲ ကျင်းပမည်ဖြစ်ပါသောကြောင့် အတူတကွ ကုသိုလ်ယူတက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အချိန် – ညနေ (၅) နာရီ မှ (၇) နာရီထိ

နေရာ – သာသနရံသီဝိဟာရ

83, Booth Road, Colindale, NW9 5JU, London

ပွဲတော်လာပရိသတ်များကို ကိုရဲမင်းကျော်နှင့် နန်းချိုမူအေးတို့မှ ကြာဇံဟင်းခါးဖြင့် ကျွေးမွေးလှူဒါန်းမည် ဖြစ်ပါမည်။

Posted in ဖိတ်ကြားခြင်း, သတင်း | Leave a comment

ရန်ပုံငွေ ဈေးရောင်းပွဲ

နက်နဲညာဏ်ရှိ၊ မျိုးဇာတိနှင့်၊ ပဏ္ဍိတပေါင်း၊ သူတော်ကောင်းကား၊ အကောင်းပြုရဲ၊ မကောင်းခဲ၏၊ (မဃဒေဝ – ပိုဒ် -၂၈၆ )

ဖေါ်ပြပါ စာပိုဒ် ဆိုမိန့်ခဲ့သည်နှင့်အညီ

  1. မိမိတို့ အမျိုးဇာတိ မျိုးဆက်သစ်များအတွက် ထင်ရှားသိနေဖို့ အတွက်၎င်း
  2. မိမိတို့ ကိုးကွယ်သည့် ဘာသာဖြင့် ကမ္ဘာသူ ကမ္ဘာသားများအား မိမိတို့နှင့်အတူ ကုသိုလ်ယူနိုင်ရေး အတွက်၎င်း
  3. မိမိတို့ ယဉ်ကျေးမှုများကို သားစဉ် မြေးဆက် လက်ဆင့်ကမ်း၍ ဆက်လှမ်းနိုင်ရေး အတွက်၎င်း

လန်ဒန်မြို့တွင် မြန်မာနိုင်ငံ၏ ဓမ္မာရုံကျောင်းကြီး ပုံစံအတိုင်း စူးလစ် မွန်းချွန် ပန်းခိုင် ပန်းလက်တို့ဖြင့်၎င်း စေတီတော်များ တည်ထား၍၎င်း ဆောက်လုပ်ရန် ကျောင်းမြေကွက် ဝယ်ယူခွင့် ရရှိပြီးလျှင် ထောက်ပံ့ လှူဒါန်းနိုင်ရေးအတွက် မြန်မာရိုးရာ အစားအစာများ စားသောက်ရင်း ကျောင်းဒါယကာ ဒါယိကာမအဖြစ် ကိုယ်တိုင်ပါဝင် လှူဒါန်းနိုင်ပါကြောင်း သာသနာ့မိတ်ဆွေ အပေါင်းတို့အား နှိုးဆော်ပန်ကြား သတင်းကောင်းများ ပါးလိုက်ပါသည်။

ရောင်းချမည့် အစားအစာများ

- ပြည်ပလာတာ
- ရွှေတောင်ခေါက်ဆွဲ
- ဟင်္သာတ မုန့်ဟင်းခါး
- တရုတ်တန်းခေါက်ဆွဲကြော်
- ရွှေတောင်တန်း ကော်ပြန့်စိမ်း
- စကော့ဈေး ဝက်သားဒုတ်ထိုး
- ကျားကွက်သစ် ကြာဇံချက်
- မြန်မာ့ရိုးရာ နံနက်စာ
- ကောက်ညှင်းပေါင်း နှင့် ငါးခြောက်
- ဒေါ်ပု ပဲပြုတ်
- စိတ်တိုင်းကျ လဘက်ရည်
- လက်ရွေးစင် ကော်ဖီ
- ဆူးလေ ကျောက်ကျော
- ကျောက်မြောင်း ဆနွင်းမကင်း
- ရွှေဘုံသာ ရွှေရင်းအေး

စသည်တို့ကဲ့သို့ မြန်မာနိုင်ငံမှ နာမည်ကျော် မြန်မာ့ရိုးရာ အစားအသောက်များကို အလွမ်းပြေ တစ်နေရာထဲမှာ သုံးဆောင်ရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝမည့် သာသနရံသီ ကျောင်းမြေကွက်သစ် အလှူ ကြုံတောင့်ကြုံခဲ ကုသိုလ်ပွဲ။

နေ့ရက် – ၃၁.၁ဝ.၂ဝဝ၉ စနေနေ့

အချိန် – နံနက် ၁ဝ နာရီမှ နေ့လည် ၁:ဝဝ နာရီထိ

နေရာ – St Michael & All Angels Parish Hallယ Priory Avenue
London W4 1TX
Nearest Station : Turnham Green

Posted in ဖိတ်ကြားခြင်း, သတင်း | Leave a comment

သီတင်းကျွတ် မီးထွန်းပွဲ နှင့် အနန္တောအနန္တငါးပါး ပူဇော်ပွဲ

အောက်တိုဘာလ ၄ ရက်နေ့ ၂၀၀၉ တွင် သာသနရံသီဝိဟာရ၌ သီတင်းကျွတ်မီးထွန်းပွဲ နှင့် အနန္တော အနန္တ ငါးပါး ပူဇော်ပွဲကို ကျင်းပမြည်ဖြစ်သောကြာင့် ကုသိုလ်ယူ တက်ရောက်နိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားလိုက်ရပါတယ်။

ကျင်းပမည့်နေရာ > သာသနရံသီဝိဟာရ
အချိန် > ညနေ (၅) နာရီ
နေ့ရက် > အောက်တိုဘာလ (၄) ရက်နေ့ ၂၀၀၉

Posted in ဖိတ်ကြားခြင်း | Tagged , , | Leave a comment