သြဝါဒါစရိယ ဆရာတော်ကြီးများ

ပီနန်ဆရာတော် ဦးပညာဝံသသာသနရံသီ ဆရာတော်များ

Updates News
Other Information
Myanmar Font Download
If you can't see burmese characters in this website (only see square characters), you need to download and install Zawgyi Font. Download Hereလက်ရှိလုပ်ငန်းစဉ်များ
လစဉ်လုပ်ငန်းများ
ရှေ့လုပ်ငန်းစဉ်များ
ရံသီကျောင်းများ - ဥရောပ
Blogroll
Join our Group on Facebook
Recent Comments
- HARRY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JEREMY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JACKIE on မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး
- nathaniel on သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ
- BRETT on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
Category Archives: ဖိတ်ကြားခြင်း
ထမနဲပွဲ ရာသီ တို့သူငါ ပါဝင်နွှဲကြမည်
လာမည့် ဖေဖေါ်ဝါရီလ ၁၁ ရက် စနေနေ့ ညနေ(၂) နာရီတွင် နှစ်စဉ်ကျင်းပနေ ကြဖြစ်သော ထမနဲထိုး လှူပွဲကို လာရောက်လုပ်အားပေး လှူဒါန်းကြသူများကို ကံစမ်းမဲ များဖေါက်၍ ပျော်ရွှင်စွာ တမူထူးခြားကျင်းပကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်မည့် မည်သူ မဆို ၅ ယောက်တဖွဲ့ဖြင် အဖွဲ့လိုက်ပါဝင်နိုင်ပါသည်။ ဒိုင်လူကြီး အဖွဲ့မှ ထမနဲစည်း ကမ်းများနှင့်ညီညွတ်သော အဖွဲ့ကို အထူးဂုဏ်ပြုပါမည်။ ထမနဲထိုးပွဲကို ကုသိုလ် လည်းရ ဝမ်းလည်းဝသည်မို့ တပျော်တပါး ပါဝင်ဆင်နွှဲကြပါရန် သာသနရံသီဂေါပက အဖွဲ့မှ နိုးဆော်တိုက် တွန်းအပ်ပါသည်။ ထမနဲ ပင်မအလှူရှင်များမှာ ဒေါက်တာဝင်းထွဋ် + မမေလှမောင် တို့ဖြစ်ပြီး ဦးစိန်ထွန်းအောင်+ဒေါ်လှလှ မိသားစုများနှင့် စေတနာရှင် အလှူရှင်များဖြစ်ကြပါသည်။
Posted in ဖိတ်ကြားခြင်း
Leave a comment
နှစ်သစ်ဆုတောင်းပွဲ
လာမည့် ၂၀၁၂ ခု ဇန်နဝါရီလ ၁ ရက်နေ့ တွင် မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ အတွက် ဆုတောင်မေတ္တာပို့သပွဲကို လန်ဒန်မြို့ သာသနရံသီ ဝိဟာရတွင် ကျင်းပ ကြမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီမှ စတင်၍ နှစ်သစ် ဆုတောင်းမေတ္တာပို့သပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား Dr ဝင်းထွဋ်+ မမေလှမောင် သား ကိုပေါက် နှင့် မောင် ကိုစိန်လွင်ဦးတို့မှ ကြာဇံဟင်းခါး တိုဖြင့် ကျွေးမွေးဧည့်ခံပြီးလျှင် ၅ နာရီတိတိတွင် ဆုတောင်းမေတ္တာပို့သပွဲ အစီအစဉ်ကို စတင်ကျင်းပကြမည် ဖြစ်ပါသည်။ နှစ်သစ်ကို ကြိုဆိုရင်း နှစ်သစ်မှာ အစစ အရာရာ အောင်မြင်ချမ်းသာ လိုသော မေတ္တာစေတနာ များဖြင့် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ကြွရောက်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း သာသနရံသီ ဝိဟာရတွေက် ရံပုံငွေ ဈေးရောင်းပွဲကိုလည်း ယခင်ကျင်းပနေကြဖြစ်သော St Agnes centre, Gillingham Road, Cricklewood တွင်ကျင်းပမည်။
သာသနရံသီ ဆရာတော်များ ၊ သာသနရံသီ ဝိဟာရ ဂေါပက နှင့် ပုညသဟာယ အဖွဲ့
Posted in ဖိတ်ကြားခြင်း
Leave a comment
ကထိန် အလှူ ဘယ်အလှူနှင့်မှ မတူ
ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား …
သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ( 23 ၊ 10 ၊ 2011) တနင်္ဂနွေနေ့တွင် သာသနရံသီ ဝိဟာရ 83 Booth Road ၌ ဆင်ယင်ကျင်းပမည်ဖြစ်ရာ သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၃) ပါးနှင့် ပင့်သံဃာ (၇
)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြားသော လှူဒါန်းဖွယ်ရာများကို ဘုရားရှင်နှင့် တကွ ပရမတ္ထသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ် စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက် သန်စွာဖြင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင်
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူ လိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြားသော လှူဒါန်းဖွယ်ရာများကို ဘုရားရှင်နှင့် တကွ ပရမတ္ထသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ် စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက် သန်စွာဖြင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင်
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူ လိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ကထိန်သင်္ကန်းနှင့်တကွ မိမိတို့ လှူဒါန်းလိုသော အခြားလှူဖွယ် ပစ္စည်း များကို လည်း ပဒေသာပင် သီးရန်အတွက် ကြိုတင်၍ လှူဒါန်းနိုင်ကြပြီး ကထိန်သင်္ကန်း တစ်စုံလျှင် ပေါင်စတာလင် ၃၅ နှုန်းဖြင့် သာသနရံသီဝိဟာရ (ဖုန်း – ၀၂၀ ၈၂၀၅၀၂၂၁) သို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ကြပါသည်။ ဖိတ်စာအသေးစိတ်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။
မေတ္တာဖြင့်
သာသနရံသီဂေါပကအဖွဲ့နှင့် ပုညသဟာယအသင်း
Posted in ဖိတ်ကြားခြင်း
Leave a comment
သီတင်းကျွတ် မီးထွန်းပွဲ
၁၂ ၊ ၀၉ ၊ ၂၀၁၁ နေ့ ညနေ (၆)နာရီအချိန်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အဖြစ် ကျင်းပမည်ဖြစ်ရာ မဟာဇေယျသုခ
အောင်မြင် ချမ်းသာ မြတ်စွာဘုရားကြီးအား ဆီမီးများဖြင့်ပူဇော်ကြမည်ဖြစ်ပါသည်။ ထို့အပြင် လူငယ်များကလည်း ရပ်ဝေးနေ မိဘများကိုယ်စား သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို မြန်မာ့ရိုးရာ အစဉ်အလာအရ ရိုသေဂါရဝ ပူဇော်ကန်တော့ကြပါမည်။
Posted in ဖိတ်ကြားခြင်း
Leave a comment
နွေရာသီ ဗုဒ္ဓဓမ္မစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်မည်
ယခုနှစ် နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သည့် သြဂုတ်လ ( ၉ ) ရက်နေ့မှစ၍ ( ၂၀ )ရက်နေ့အထိ ကလေးများအတွက် ဗုဒ္ဓဘာသာ စာပေနှင့် ယဉ်ကျေးမှု သင်တန်းများကို တနင်္ဂနွေနေ့များမှအပ ကျန်ရက်များတွင် နေ့စဉ် နေ့လည် (၁ )နာရီမှ စ၍ ညနေ ( ၅ ) နာရီအထိ သာသနရံသီ ဝိဟာရတွင် သင်ကြားပေးမည်ဖြစ်ပါသဖြင့် မည်သူမဆို သင်တန်းတက်ရောက်နိုင်ကြောင်း နှင့် သာသနရံသီ ဝိဟာရ 0208 025 0221 သို့ ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်။
Posted in ဖိတ်ကြားခြင်း
Leave a comment
မြန်မာနှစ်သစ် အတာသင်္ကြန်ကူးမှာ မြူးရွှင်ကာ အထူးပင်ပျှော်ကြမည်
သာသနရံသီ ဆရာတော်များနှင့် ဂေါပက အဖွဲ့ ပုညသဟာယ အသင်းသူ အသင်းသားများ ဦးဆောင်ကျင်းပသော လန်ဒန်ရောက်မြန်မာမိသားစုများ၏ နှစ်စဉ်ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့် စုပေါင်းရဟန်းခံ ရှင်ပြု ။ သံဃဒါနဆွမ်းဆန်မိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ၁၆ ဧပြီလ ၂၀၁၁ စနေနေ့တွင်ကျင်းပမည်ဖြစ်ပါ၍ ကြွရောက်အားပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
Posted in ဖိတ်ကြားခြင်း
1 Comment
နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ
လာမည့် ၂၀၁၁ ခု ဇန်နဝါရီလ ၁ ရက်နေ့ တွင် မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ အတွက် ဆုတောင်မေတ္တာပို့သပွဲကို လန်ဒန်မြို့ သာသနရံသီ ဝိဟာရတွင် ကျင်းပ ကြမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီမှ စတင်၍ နှစ်သစ် ဆုတောင်းမေတ္တာပို့သပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား Dr ဝင်းထွဋ်+ မမေလှမောင် သား ကိုပေါက် နှင့် မောင် ကိုစိန်လွင်ဦးတို့မှ ကြာဖံဟင်းခါး တိုဖြင့် ကျွေးမွေးဧည့်ခံပြီးလျှင် ၅ နာရီတိတိတွင် ဆုတောင်းမေတ္တာပို့သပွဲ အစီအစဉ်ကို စတင်ကျင်းပကြမည် ဖြစ်ပါသည်။ နှစ်သစ်ကို ကြိုဆိုရင်း နှစ်သစ်မှာ အစစ အရာရာ အောင်မြင်ချမ်းသာ လိုသော မေတ္တာစေတနာ များဖြင့် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ကြွရောက်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။
သာသနရံသီ ဆရာတော်များ ၊ သာသနရံသီ ဝိဟာရ ဂေါပက နှင့် ပုညသဟာယ အဖွဲ့
Posted in ဖိတ်ကြားခြင်း
55 Comments
သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ
Posted in ဖိတ်ကြားခြင်း
113 Comments
မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်
လာမည့် ၂၁ရက် နိုဝင်ဘာလ ၂၀၁၀နေ့ ညနေ (၄)နာရီမှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့ သာသနရံသီ ဝိဟာရ တွင် သီတင်းသုံးစံပါယ်တော်မူသော မဟာဇေယျသုခ အောင်မြင်ချမ်းသာမြတ်စွာဘုရားကြီးအား မသိုးကြာသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော် ကြပြီး ဆီမီးမျာထွန်းညှိပူဇော်ကြပါမည်။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို့အား ကိုမင်းရဲကျော်+နန်းချိုမူအေး တို့မှ ကြာဖံကျော်ဖြင့် ကျွေးမွေး ဧည့်ခံပါမည်ဖြစ်၍ ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ အား ကြွရောက်ကုသိုလ်ယူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
မေတ္တာဖြင့်
သာသနရံသီ ဝီဟာရ
Posted in ဖိတ်ကြားခြင်း
46 Comments
လှူကထိန် သင်္ကန်နှင့် မဂ်လမ်းကိုရွယ်
ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား …
သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ( ၇ ၊ ၁၁ ၊ ၂၀၁၀) တနင်္ဂနွေနေ့တွင် သာသနရံသီ ဝိဟာရ 83 Booth Road ဆင်ယင်ကျင်းပမည်ဖြစ်ရာ သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၃) ပါးနှင့် ပင့်သံဃာ (၇)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြားသော လှူဒါန်းဖွယ်ရာများကို ဘုရားရှင်နှင့် တကွ ပရမတ္ထသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ် စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက်သန်စွာဖြင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင်
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူလိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူလိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ကထိန်သင်္ကန်းနှင့်တကွ မိမိတို့ လှူဒါန်းလိုသော အခြားလှူဖွယ် ပစ္စည်းများကိုလည်း ပဒေသာပင် သီးရန်အတွက် ကြိုတင်၍ လှူဒါန်းနိုင်ကြပြီး ကထိန်သင်္ကန်း တစ်စုံလျှင် ပေါင်စတာလင် ၃၅ နှုန်းဖြင့် သာသနရံသီဝိဟာရ (ဖုန်း – ၀၂၀ ၈၂၀၅၀၂၂၁) သို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ကြပါသည်။ဖိတ်စာအသေးစိတ်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။
မေတ္တာဖြင့်
သာသနရံသီဂေါပကအဖွဲ့နှင့် ပုညသဟာယအသင်း
Posted in ဖိတ်ကြားခြင်း
Comments Off






