သြဝါဒါစရိယ ဆရာတော်ကြီးများ

ပီနန်ဆရာတော် ဦးပညာဝံသသာသနရံသီ ဆရာတော်များ

Updates News
Other Information
Myanmar Font Download
If you can't see burmese characters in this website (only see square characters), you need to download and install Zawgyi Font. Download Hereလက်ရှိလုပ်ငန်းစဉ်များ
လစဉ်လုပ်ငန်းများ
ရှေ့လုပ်ငန်းစဉ်များ
ရံသီကျောင်းများ - ဥရောပ
Blogroll
Join our Group on Facebook
Recent Comments
- HARRY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JEREMY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JACKIE on မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး
- nathaniel on သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ
- BRETT on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
Category Archives: လစဉ်လုပ်ငန်းများ
မသိုးကြာသင်္ကန်း လှူဒါန်းခွင့်ကြုံခဲ့ပြီ
နိုဝင်ဘာ၆ ရက်နေ့ ညနေ ( ၆)နာရီက သာသနရံသီဝိဟာရတွင် သီတင်းသုံးစံပါယ်တော်မူသော မဟာဇေယျသုခ အောင်မြင်ချမ်းသာ မြတ်စွာ ဘုရားကြီးအား နှစ်စဉ်ကပ်လှူမြဲဖြစ်သော မသိုးကြာသင်္ကန်းကို စုပေါင်းကပ်လှူပူဇော်ခဲ့ကြသည်။ ထိုသင်္ကန်းကပ်လှူပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်များအားလည်း သာသနရံသီဆရာတော်၏ ရဟန်းဒါယိကာမကြီးဒေါ်လှလှ၏ (၇၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းခေါက်ဆွဲနှင့် မန္တလေးပဲကြော် ၊ ဘယာကြော်တို့ဖြင့်လည်းကျွေးမွေးဧည့်ခံခဲ့ကြသည်။ ဆရာတော် ဦးဥတ္တရမှလည်း မသိုသင်္ကန်းဖြစ်ပေါ်လာပုံ အကြောင်းနှင့် မြတ်စွာဘုရားရှင်အား လှူဒါန်းရသော အကျိုးအာနိသင်များကို ဟောပြောခဲ့သည်။ လန်ဒန်ရောက် မြန်မာများအဖို့ ကုသိုလ်အရ ထူးကဲပေစွ။
အလှူရှင်အားလုံးကို ဂုဏ်ပြုမှတ်တမ်း
တင်အပ်ပါသည်။
သာသနရံသီ ဂေါပကအဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းသားများ
Posted in လစဉ်လုပ်ငန်းများ
Leave a comment
သာသနရံသီဝိဟာရ၏ စာပေဟောပြောပွဲနှင့် ထမနဲထိုးပွဲ အောင်မြင်စွာပြီးစီး

သာသနရံသီဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထမနဲပွဲတော်နှင့် စာပေဟောပြောပွဲကို ၃၁ရက် ဇန်နဝါရီ ၂၀၁၀ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ပြာသိုလ၏ ပွဲတော်ဖြစ်သည့် ထမနဲပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စည်ကားစွာ ကျင်းပကြသကဲ့သို့ မြန်မာပြည်နှင့် အလှမ်းဝေးကွာရာ လန်ဒန်မြို့တွင်လည်း ဆရာတော်နှင့် တပည့်ဒါယိကာ ဒါယိကာမများ၏ လက်တွဲညီဝိုင်းဝန်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ပထမဦးစွာ စာပေဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ ဦးစန်းမောင် (Dr. Gustaaf Houtman) မှ မြန်မာနိုင်ငံ၏ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာ ပညာရပ်များကို ဟောပြောခဲ့ပြီး ပရိတ်သတ်များနှင့် အပြန်အလှန်အမေးအဖြေများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်ထမနဲထိုးပွဲတော်ကို ညနေ ၄ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ထမနဲထိုးရာတွင် ယခင်နှစ်များထက် လူပရိသတ်များပိုမိုပြားပါဝင်လာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရပါသည်။ စာပေဟောပြောပွဲနှင့် ထမနဲပွဲ မှတ်တမ်းတင်ရိုက်ကူးထားသော ဓာတ်ပုံများကိုအောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။
ထမနဲပွဲ နှင့် စာပေဟောပြောပွဲ ကျင်းပမည်

သာသနရံသီဝိဟာရကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းထမနဲပွဲတော်ကို လာမည့် ဇန်နဝါရီလ ၃၁ ရက် ၂၀၁၀ ခုနှစ် တနင်္ဂနွေနေ့တွင် ညနေ ၃ နာရီမှစ၍ သာသနရံသီဝိဟာရတွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါထမနဲပွဲနှင့်အတူ စာပေဟောပြောပွဲကိုလည်း အတူကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ ဓမ္မမိတ်ဆွေအပေါင်းနှင့် ဒါယိကာ ဒါယိကာမအပေါင်းတို့အား ဖိတ်ကြားအပ်ပါသည်။
ဟောပြောမည့် Speaker : Dr. Gustaaf Houtman (ဦးစန်းမောင်)
Topic : မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ
စာပေဟောပြောပွဲများ ကျင်းပမည်

လန်ဒန်ရောက် မြန်မာမျိုးဆက်သစ်လူငယ်များ ဗဟုသုတဖလှယ်စေနိုင်ရန်နှင့် အတွေ့အကြုံသစ်များ၊ နည်းလမ်းကောင်းများ ရရှိစေရန် အဓိက ရည်ရွယ်ပြီး သာသနရံသီဝိဟာရကျောင်းတွင် စာပေဟောပြောပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ စာပေဟောပြောပွဲများကို လတိုင်း၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်ပါဝင်ဆွေးနွေး နိုင်ကြမည် ဖြစ်ပါသည်။ ဟောပြောမည့် ပုဂ္ဂိုလ်များကိုလည်း လစဉ်အလိုက်၊ ဟောပြောမည့် ခေါင်းစဉ်အလိုက် လုပ်ငန်းကျွမ်းကျင်သည့် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ်ဆွေးနွေးသွားမည်။
ဟောပြောပွဲ အသေးစိတ်ကို စာပေဟောပြောမတိုင်ခင် တစ်ပတ်အလိုတွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ၀၂၀ ၈၂၀၅ ၀၂၂၁ သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
နှစ်သစ်ဆုတောင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း သာသနရံသီ ဆရာတော်များနှင့် တပည့်ဒါယိကာ ဒါယိကာမများမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ထို့အတူ သာသနရံသီဝိဟာရတွင် ယမန်နေ့ (၁.၁.၂၀၁၀) က နှစ်သစ်ဆုတောင်းပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် စတင်ကျင်းပပြီး ဆရာတော်များနှင့်အတူ နှစ်သစ်အတွက် ပဌာန်းတရားတော်များကို တပည့်ဒါယိကာ ဒါယိကာမများနှင့်တကွ ရွတ်ဖတ်ပူဇော်ပြီး နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသား မြန်မာပြည်သူပြည်သားအပေါင်းနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းပါစေကြောင်း အတူတကွ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။
ဆုတောင်းပွဲ ကြွရောက်လာသည့် ဧည့်ပရိသတ်များကို ဒေါက်တာဝင်းထွဋ် + မမေလှမောင်နှင့် သား ကိုပေါက်တို့မှ ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို ညနေ ၇ နာရီခန့်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။
နိုဝင်ဘာလအတွင်း လုပ်ငန်းစဉ်များ
နိုဝင်ဘာလ ၂ ရက် – ကထိန်သင်္ကန်းကပ်ပွဲ
နိုဝင်ဘာလ ၁၂ ရက် – မသိုးသင်္ကန်းကပ်ပွဲ
Posted in လစဉ်လုပ်ငန်းများ
Leave a comment
အောက်တိုဘာလအတွင်း လုပ်ငန်းစဉ်များ
အောက်တိုဘာလ ၁၉ ရက် – သာသနရံသီ သီတင်းကျွတ် မီးထွန်းပွဲ
Posted in လစဉ်လုပ်ငန်းများ
Leave a comment
စက်တင်ဘာလအတွင်း လုပ်ငန်းစဉ်များ
စက်တင်ဘာ ၂၇ ရက် – ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင် ရဟန်းတော်များအား အောက်မေ့ဖွယ်နေ့
Posted in လစဉ်လုပ်ငန်းများ
Leave a comment