သြဝါဒါစရိယ ဆရာတော်ကြီးများ

ပီနန်ဆရာတော် ဦးပညာဝံသသာသနရံသီ ဆရာတော်များ

Updates News
Other Information
Myanmar Font Download
If you can't see burmese characters in this website (only see square characters), you need to download and install Zawgyi Font. Download Hereလက်ရှိလုပ်ငန်းစဉ်များ
လစဉ်လုပ်ငန်းများ
ရှေ့လုပ်ငန်းစဉ်များ
ရံသီကျောင်းများ - ဥရောပ
Blogroll
Join our Group on Facebook
Recent Comments
- HARRY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JEREMY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JACKIE on မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး
- nathaniel on သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ
- BRETT on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
Category Archives: ဓာတ်ပုံများ
နွေရာသီ ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာ အခြေခံသင်တန်းအောင်မြင်ပြီးစီး
၁၅၊၈၊၂၀၁၀ နေ့မှစတင်ပြီး နေ့လည် (၂)နာရီမှ (၄)နာရီအထိ ကလေးသူငယ်များအတွက် အရွယ်အလိုက် မြန်မာစာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၂၁ ။၈။ ၂၀၁၀နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီးပါသည်။ ယင်းသင်တန်းဆင်းပွဲတွင် ဆရာတော်များနှင့် မိဘများမှ သင်တန်း၏အကျိုး သက်ရောက်မှုများကို ဝမ်းမြောက် ဝမ်းသာစွာ အသီးသီးပြောကြပြီးနောက် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို အမှတ်တရပေးအပ်ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ နောင်နှစ်နွေရာသီ ကျောင်းပိတ်ရက်များတွင်လည်းအနည်းဆုံး (၂ ) ၀တ်အထိ သင်တန်များဖွင့်လှစ် သွားမည်ဖြစ်ပါသည်။ နွေရာသီသင်တန်းမှအပ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည်(၂)နာရီမှ (၄)နာရီအထိ ပုံမှန် ဆက်လက်သင်ကြား ပေးသွားမည်ဖြစ်ပါသည်။
ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆရာတော် ဦးဥတ္တရမွေးနေ့မင်္ဂလာ မှတ်တမ်းတင်ဓာတ်ပုံများ
၂၅.၀၇.၂၀၁၀ တွင် ကျင်းပပြီးစီးခဲ့သော သာသနရံသီဝိဟာရ၏ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆရာတော်ဦးဥတ္တရ၏ ၅၂ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲ မှတ်တမ်းတင် ဓာတ်ပုံများဖြစ်ပါသည်။ ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်အပ်ပါသည်။
Posted in ဓာတ်ပုံများ
Leave a comment
နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် အတာသင်္ကြန်ပွဲ ကျင်းပပြီးစီး
လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့် နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ သံဃာတော်များကို သံဃာ့ဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။ ထို့နောက် ဧည့်ပရိသတ်များအား နေ့လည်စာထမင်းဟင်းဖြင့် ဧည့်ခင်းကျွေးမွေးခဲ့ပါသည်။ ညနေပိုင်း အစီအစဉ်များအဖြစ် သင်္ကြန်သံချပ်များ၊ သင်္ကြန်သီချင်းများ နှင့် တိုင်းရင်းသားရိုးရာအက (မွန်၊ရခိုင်) တို့ဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ည ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်များတွင် လန်ဒန်မှ နန်းအမရ မြန်မာတီးဝိုင်းတို့ဖြင့်တွဲဖက်ဖျော်ဖြေကြပြီး ခေတ်ပေါ်တီးဝိုင်းအနေဖြင့် လန်ဒန်အခြေစိုက် The NOX တီးဝိုင်းက ကုသိုလ်ယူဖျော်ဖြေပေးခဲ့ပါသည်။
| ဓာတ်ပုံများ ဆက်လက်ကြည့်ရှူ့ရန် |
သင်္ကြန်ပွဲတွင် မှတ်တမ်းတင်ရိုက်ကူးထားသော Video ကို ကျောင်းတော်ကြီးတည်ဆောက်ရန် ရံပုံငွေအဖြစ် မကြာမီရောင်းချသွားမှာဖြစ်လို့ ကုသိုလ်ယူ ဝယ်ယူအားပေးကြပါရန် နှိုးဆော်အပ်ပါသည်။
သာသနရံသီဝိဟာရ၏ စာပေဟောပြောပွဲနှင့် ထမနဲထိုးပွဲ အောင်မြင်စွာပြီးစီး

သာသနရံသီဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထမနဲပွဲတော်နှင့် စာပေဟောပြောပွဲကို ၃၁ရက် ဇန်နဝါရီ ၂၀၁၀ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ပြာသိုလ၏ ပွဲတော်ဖြစ်သည့် ထမနဲပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စည်ကားစွာ ကျင်းပကြသကဲ့သို့ မြန်မာပြည်နှင့် အလှမ်းဝေးကွာရာ လန်ဒန်မြို့တွင်လည်း ဆရာတော်နှင့် တပည့်ဒါယိကာ ဒါယိကာမများ၏ လက်တွဲညီဝိုင်းဝန်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ပထမဦးစွာ စာပေဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ ဦးစန်းမောင် (Dr. Gustaaf Houtman) မှ မြန်မာနိုင်ငံ၏ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာ ပညာရပ်များကို ဟောပြောခဲ့ပြီး ပရိတ်သတ်များနှင့် အပြန်အလှန်အမေးအဖြေများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်ထမနဲထိုးပွဲတော်ကို ညနေ ၄ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ထမနဲထိုးရာတွင် ယခင်နှစ်များထက် လူပရိသတ်များပိုမိုပြားပါဝင်လာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရပါသည်။ စာပေဟောပြောပွဲနှင့် ထမနဲပွဲ မှတ်တမ်းတင်ရိုက်ကူးထားသော ဓာတ်ပုံများကိုအောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။
သာသနာ့ရံသီဝိဟာရ စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပပြီးဆုံး

လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရကျောင်း၏ စုပေါင်းမဟာဘုံကထိန်ပွဲကို ယခုလ အောက်တိုဘာလ ၁၈ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ တပည့်ဒါယကာ ဒါယိကာမများ စုံညီစွာတက်ရောက်ကြပြီး သံဃာတော်များကို ကထိန်သင်္ကန်းတို့ဖြင့် ရိုးရာမပျက် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ ကထိန်ပွဲလာ ပရိသတ်များကို သာသနရံသီကျောင်းမှ ထမင်းဟင်းတို့ဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးစီးခဲ့ပါတယ်။
မဟာဘုံကထိန်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီကြသော ဒါယကာ ဒါယိကာများ နှင့် လူငယ်မောင်မယ်တို့အား ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ရပါတယ်။ မှတ်တမ်းတင် ဓာတ်ပုံများကိုလည်း အောက်ပါနေရာတွင် ကြည့်ရှု့နိုင်ပါတယ်။
Posted in ဓာတ်ပုံများ, သတင်း
1 Comment