Category Archives: ကဗျာ

အောင်မြင်ချမ်းသာ တို့မြတ်စွာ

“အောင်မြင်ချမ်းသာ” တို့မြတ်စွာကို
အခါခါ အထပ်ထပ်၊ ကြာကလာပ်ဖြင့်
သဒ္ဓါဓာတ်ဖြိုး၊ မပြတ်ရှိခိုးသည်
မြေမိုးအနှံ့ အသရေတိုးလို့ ခန့်စေသော်။

ရှုပ်သမျှကိုရှင်း၊ ဒုက္ခကို ခွင်းမည့်
ဥတ္တရအလင်းမြတ်စွာ၊ ကပ်ကမ္ဘာတိုင်တိုင်
မြတ်ချမ်းသာသုခ၊ ပေးဝေငှလျှက်
ဇယအောင်မြင်၊ အောင်ပွဲဝင်သည်
အောင်မင်္ဂလာ၊ အောင်သြဘာဖြင့်
အောင်ချာရွှေပြည် ရောက်စေသော်။

အောင်စည်ဟိန်းဟိန်း၊ ငြိမ်းငြိမ်းချမ်းချမ်း
အောင်ပန်းဝေေ၀၊ ဆွတ်လှမ်းခြွေသက်
မြကေခိုင်ထက် တင့်စေသော်။

တင်မိုး
၎၊၄၊၂၀၀၄

Posted in ကဗျာ | Leave a comment