သြဝါဒါစရိယ ဆရာတော်ကြီးများ

ပီနန်ဆရာတော် ဦးပညာဝံသသာသနရံသီ ဆရာတော်များ

Updates News
Other Information
Myanmar Font Download
If you can't see burmese characters in this website (only see square characters), you need to download and install Zawgyi Font. Download Hereလက်ရှိလုပ်ငန်းစဉ်များ
လစဉ်လုပ်ငန်းများ
ရှေ့လုပ်ငန်းစဉ်များ
ရံသီကျောင်းများ - ဥရောပ
Blogroll
Join our Group on Facebook
Recent Comments
- HARRY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JEREMY on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
- JACKIE on မသိုးကြာသင်္ကန်း ဆီမီးတထိန်ထိန်ဖြင့် ကပ်လှူပူဇော် အောင်မြင်ပြီးဆုံး
- nathaniel on သာသနရံသီ ဝိဟာရ ရံပုံငွေအလှူ ယဉ်ကျေးမှုပဒေသာကပွဲနှင့်စာပေဟောပြောပွဲ
- BRETT on စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲ အောင်မြင်ပြီးဆုံး ဝမ်းမြောက်အနုမော် သာဓုခေါ်
Author Archives: admin
ထမနဲပွဲ ရာသီ တို့သူငါ ပါဝင်နွှဲကြမည်
လာမည့် ဖေဖေါ်ဝါရီလ ၁၁ ရက် စနေနေ့ ညနေ(၂) နာရီတွင် နှစ်စဉ်ကျင်းပနေ ကြဖြစ်သော ထမနဲထိုး လှူပွဲကို လာရောက်လုပ်အားပေး လှူဒါန်းကြသူများကို ကံစမ်းမဲ များဖေါက်၍ ပျော်ရွှင်စွာ တမူထူးခြားကျင်းပကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်မည့် မည်သူ မဆို ၅ ယောက်တဖွဲ့ဖြင် အဖွဲ့လိုက်ပါဝင်နိုင်ပါသည်။ ဒိုင်လူကြီး အဖွဲ့မှ ထမနဲစည်း ကမ်းများနှင့်ညီညွတ်သော အဖွဲ့ကို အထူးဂုဏ်ပြုပါမည်။ ထမနဲထိုးပွဲကို ကုသိုလ် လည်းရ ဝမ်းလည်းဝသည်မို့ တပျော်တပါး ပါဝင်ဆင်နွှဲကြပါရန် သာသနရံသီဂေါပက အဖွဲ့မှ နိုးဆော်တိုက် တွန်းအပ်ပါသည်။ ထမနဲ ပင်မအလှူရှင်များမှာ ဒေါက်တာဝင်းထွဋ် + မမေလှမောင် တို့ဖြစ်ပြီး ဦးစိန်ထွန်းအောင်+ဒေါ်လှလှ မိသားစုများနှင့် စေတနာရှင် အလှူရှင်များဖြစ်ကြပါသည်။
Posted in ဖိတ်ကြားခြင်း
Leave a comment
နိဗ္ဗာန်ဈေးရောင်းပွဲ လှူဒါန်းသူများပြား ကုသိုလ်တွေလည်း အရမနည်းလှပေ
ဒီနှစ် နိဗ္ဗာန်ဈေးရောင်းပွဲတွင် ထူးထူးခြားခြား မြန်မာအစားအစာများကို ယခင်နှင့်မတူဘဲ တမူထူးခြား၍ အဝစား စနစ်ဖြင့် လန်ဒန်ရောက်မြန်မာ လူငယ်အဖွဲ့နှင့် သာသနရံသီ ဝိဟာရ ပုညသဟာယ အသင်းသူအသင်းသားများက ကျင်းပပြုလုပ်လှူဒါန်းကြရာ လူအများစိတ်ဝင်စားပြီး အထူးအားပေးကြသဖြင့် အလှူငွေများလည်း ပိုမိုရရှိပါသည်။ အစားအသောက် အလှူရှင်များ ၊ ပါဝင်ကူညီ ချက်ပြုတ်လုပ်ကိုင်ပေး ကြသော ဝေယျာဝစ္စ ကုသိုလ်ရှင်များ ၊ လာရောက်အားပေးလှူဒါန်းကြသူများ အစစအရာရာ အဘက်ဘက်မှ ကူညီပံ့ပိုး လှူဒါန်းကြသူများနှင့် ဤနိဗ္ဗာန်ဈေးရောင်းပွဲတော်ဖြစ်မြောက်ရေးအတွက် စီစဉ်ကြသူ မြန်မာလူငယ်အဖွဲ့ဝင်များ အားလုံးကို သာသနရံသီ ဆရာတော်များနှင့် ဂေါပက အဖွဲ့မှ လိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ နောက်နောင်ကိုလည်း ဆထက်တပိုး တိုး၍ လှူဒါန်းနိုင်ကြပါစေဟု ဆုတောင်းပြုလျှက်
Posted in သတင်း
Leave a comment
နှစ်သစ်ဆုတောင်းပွဲ
လာမည့် ၂၀၁၂ ခု ဇန်နဝါရီလ ၁ ရက်နေ့ တွင် မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့ အတွက် ဆုတောင်မေတ္တာပို့သပွဲကို လန်ဒန်မြို့ သာသနရံသီ ဝိဟာရတွင် ကျင်းပ ကြမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီမှ စတင်၍ နှစ်သစ် ဆုတောင်းမေတ္တာပို့သပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား Dr ဝင်းထွဋ်+ မမေလှမောင် သား ကိုပေါက် နှင့် မောင် ကိုစိန်လွင်ဦးတို့မှ ကြာဇံဟင်းခါး တိုဖြင့် ကျွေးမွေးဧည့်ခံပြီးလျှင် ၅ နာရီတိတိတွင် ဆုတောင်းမေတ္တာပို့သပွဲ အစီအစဉ်ကို စတင်ကျင်းပကြမည် ဖြစ်ပါသည်။ နှစ်သစ်ကို ကြိုဆိုရင်း နှစ်သစ်မှာ အစစ အရာရာ အောင်မြင်ချမ်းသာ လိုသော မေတ္တာစေတနာ များဖြင့် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ကြွရောက်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း သာသနရံသီ ဝိဟာရတွေက် ရံပုံငွေ ဈေးရောင်းပွဲကိုလည်း ယခင်ကျင်းပနေကြဖြစ်သော St Agnes centre, Gillingham Road, Cricklewood တွင်ကျင်းပမည်။
သာသနရံသီ ဆရာတော်များ ၊ သာသနရံသီ ဝိဟာရ ဂေါပက နှင့် ပုညသဟာယ အဖွဲ့
Posted in ဖိတ်ကြားခြင်း
Leave a comment
မသိုးကြာသင်္ကန်း လှူဒါန်းခွင့်ကြုံခဲ့ပြီ
နိုဝင်ဘာ၆ ရက်နေ့ ညနေ ( ၆)နာရီက သာသနရံသီဝိဟာရတွင် သီတင်းသုံးစံပါယ်တော်မူသော မဟာဇေယျသုခ အောင်မြင်ချမ်းသာ မြတ်စွာ ဘုရားကြီးအား နှစ်စဉ်ကပ်လှူမြဲဖြစ်သော မသိုးကြာသင်္ကန်းကို စုပေါင်းကပ်လှူပူဇော်ခဲ့ကြသည်။ ထိုသင်္ကန်းကပ်လှူပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်များအားလည်း သာသနရံသီဆရာတော်၏ ရဟန်းဒါယိကာမကြီးဒေါ်လှလှ၏ (၇၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းခေါက်ဆွဲနှင့် မန္တလေးပဲကြော် ၊ ဘယာကြော်တို့ဖြင့်လည်းကျွေးမွေးဧည့်ခံခဲ့ကြသည်။ ဆရာတော် ဦးဥတ္တရမှလည်း မသိုသင်္ကန်းဖြစ်ပေါ်လာပုံ အကြောင်းနှင့် မြတ်စွာဘုရားရှင်အား လှူဒါန်းရသော အကျိုးအာနိသင်များကို ဟောပြောခဲ့သည်။ လန်ဒန်ရောက် မြန်မာများအဖို့ ကုသိုလ်အရ ထူးကဲပေစွ။
အလှူရှင်အားလုံးကို ဂုဏ်ပြုမှတ်တမ်း
တင်အပ်ပါသည်။
သာသနရံသီ ဂေါပကအဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းသားများ
Posted in လစဉ်လုပ်ငန်းများ
Leave a comment
ကထိန်ပွဲကြီး ချိမ့်ချိမ့်သဲ ဆင်နွှဲခဲ့ပြီ
အောက်တိုဘာ ၂၃ရက် နေ့က ကျင်းပပြီးစီးခဲ့သော သာသနရံသီ ဝိဟာရ၏ ၁၉ ကြိမ်မြောက် စုပေါင်းဘုံကထိန်သင်္ကန်းကပ်လှူပွဲသို့ ကြွရောက်ချီးမြှင့်အားပေးကြသော ဆရာတော်သံဃာတော်များ ၊ ကထိန်သင်္ကန်းအလှူရှင်များ၊ ဆွမ်းအလှူရှင်များ ၊ အချိုပွဲ အလှူရှင်များ ၊ ဝေယျာဝစ္စဆောင်ရွက်ပေးကြသော ပုဂ္ဂိုလ်များ ၊ ကထိန်အလှူသို့ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အားလုံးအား ဒန်ပေါက်ဆွမ်း လှူဒါန်းခဲ့ ကြသော ဒေါက်တာစန်းစန်း ၊ ကိုမြင့်နိုင်၊ ကိုသွင်ညီညီမိုး+မတင့်တင့်အောင် ၊ မလေးလေးနွယ် ၊မောင်ဘိုဘိုပိုင် တို့အား သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းသားများက လှိုက်လှဲစွာကျေးဇူးတင်ပါကြောင်း နှင့် ပြုသမျှကုသိုလ်အဝဝကိုလည်း အမျှပေးဝေ လိုက်ပါကြောင်း ယခင်နှစ်များကထက်ယခုနှစ်တွင် အလှူငွေများ ၊ ဧည့်ပရိတ်များ ပိုမိုများပြားခဲ့သည့်အတွက် အထူးပင်ကျေနပ် ဝမ်းမြောက်မိ ပါကြောင်း သာသနရံသီ ဆရာတော်များနှင့် ဒါယကာဒါယိကာမများမှ အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Posted in သတင်း
Leave a comment
ကထိန် အလှူ ဘယ်အလှူနှင့်မှ မတူ
ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား …
သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ( 23 ၊ 10 ၊ 2011) တနင်္ဂနွေနေ့တွင် သာသနရံသီ ဝိဟာရ 83 Booth Road ၌ ဆင်ယင်ကျင်းပမည်ဖြစ်ရာ သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၃) ပါးနှင့် ပင့်သံဃာ (၇
)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြားသော လှူဒါန်းဖွယ်ရာများကို ဘုရားရှင်နှင့် တကွ ပရမတ္ထသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ် စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက် သန်စွာဖြင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင်
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူ လိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြားသော လှူဒါန်းဖွယ်ရာများကို ဘုရားရှင်နှင့် တကွ ပရမတ္ထသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ် စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက် သန်စွာဖြင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင်
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာယူ လိုပါသည်ဖြစ်၍ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ကထိန်သင်္ကန်းနှင့်တကွ မိမိတို့ လှူဒါန်းလိုသော အခြားလှူဖွယ် ပစ္စည်း များကို လည်း ပဒေသာပင် သီးရန်အတွက် ကြိုတင်၍ လှူဒါန်းနိုင်ကြပြီး ကထိန်သင်္ကန်း တစ်စုံလျှင် ပေါင်စတာလင် ၃၅ နှုန်းဖြင့် သာသနရံသီဝိဟာရ (ဖုန်း – ၀၂၀ ၈၂၀၅၀၂၂၁) သို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ကြပါသည်။ ဖိတ်စာအသေးစိတ်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။
မေတ္တာဖြင့်
သာသနရံသီဂေါပကအဖွဲ့နှင့် ပုညသဟာယအသင်း
Posted in ဖိတ်ကြားခြင်း
Leave a comment
သီတင်းကျွတ် မီးထွန်းပွဲ
၁၂ ၊ ၀၉ ၊ ၂၀၁၁ နေ့ ညနေ (၆)နာရီအချိန်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အဖြစ် ကျင်းပမည်ဖြစ်ရာ မဟာဇေယျသုခ
အောင်မြင် ချမ်းသာ မြတ်စွာဘုရားကြီးအား ဆီမီးများဖြင့်ပူဇော်ကြမည်ဖြစ်ပါသည်။ ထို့အပြင် လူငယ်များကလည်း ရပ်ဝေးနေ မိဘများကိုယ်စား သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို မြန်မာ့ရိုးရာ အစဉ်အလာအရ ရိုသေဂါရဝ ပူဇော်ကန်တော့ကြပါမည်။
Posted in ဖိတ်ကြားခြင်း
Leave a comment
နွေရာသီ ယဉ်ကျေးမှု ဗုဒ္ဓဘာသာ သင်တန်းပြီးမြောက်အောင်မြင်
ယခုနှစ် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း နှင့် (၁၀ )ရက် တရားစခန်း တရားထိုင်နည်း သင်တန်းများကို သြဂုတ်လ ( ၉ ) ရက်နေ့မှစ၍( ၂၀ ) အထိကျင်းပခဲ့ရာ အောင်မြင်စွာပြီးဆုံးခဲ့သည်။ (၃)နှစ်မှ အထက် လူငယ် မောင်မယ် (၃၀)ခန့်တက်ရောက်ခဲ့ကြသဖြင့် မိဘများ သင်တန်း ဆရာများကလည်း အထူးပင်ဝမ်းမြောက်ခဲ့ကြသည်။ နောင်ခေတ် ဗုဒ္ဓဘာသာဝင်ကောင်းများ တိုးပွားလာစေရန် ရည်သန်သဖြင့် နောင်နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်များ တွင်လည်း ထို့အတူပင် ယဉ်ကျေးမှု သင်တန်းများ ဆက်လက်၍ ကျင်းပ ပေး သွားကြဖို့ရန်လည်း မိဘများက အထူးလိုလား ဆန္ဒရှိနေကြသည်။ ထို့ပြင် စာသင် ကျောင်းများပြန်လည် ဖွင့်လှစ်ပါက သင်နေကြ စနေနေ့တိုင်း မြန်မာစာ သင်တန်းများကိုလည်း စက်တင်ဘာ၂၄ရက် ၂၀၁၁နေ့မှစ၍ ပြန်လည်ဖွင့်လှစ် သင်ကြားမည်ဖြစ်သည်။
Posted in သတင်း
Leave a comment
နွေရာသီ ဗုဒ္ဓဓမ္မစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်မည်
ယခုနှစ် နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သည့် သြဂုတ်လ ( ၉ ) ရက်နေ့မှစ၍ ( ၂၀ )ရက်နေ့အထိ ကလေးများအတွက် ဗုဒ္ဓဘာသာ စာပေနှင့် ယဉ်ကျေးမှု သင်တန်းများကို တနင်္ဂနွေနေ့များမှအပ ကျန်ရက်များတွင် နေ့စဉ် နေ့လည် (၁ )နာရီမှ စ၍ ညနေ ( ၅ ) နာရီအထိ သာသနရံသီ ဝိဟာရတွင် သင်ကြားပေးမည်ဖြစ်ပါသဖြင့် မည်သူမဆို သင်တန်းတက်ရောက်နိုင်ကြောင်း နှင့် သာသနရံသီ ဝိဟာရ 0208 025 0221 သို့ ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်။
Posted in ဖိတ်ကြားခြင်း
Leave a comment

