Sasana Ramsi Vihara

သာသနရံသီ ဆရာတော်နှင့် တကာ တကာမများသည် လန်ဒန်မြို့တွင် သာသနရံသီ ဗုဒ္ဓစင်တာကြီး တည်ဆောက်ရန် စိုင်းပြင်းအားထုတ်နေကြခြင်းဖြစ်ပါသည်။
ဗြိတိန်နှင့် ဥရောပနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာသူတော်စင်တို့သည် ဤသာသနရံသီ ဗုဒ္ဓစင်တာကြီး ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် ပေါ်ထွန်းလာစေရေးအတွက် ကုသိုလ်ယူပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

နှစ်သစ်ဆုတောင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Written on January 2nd, 2010 by adminno shouts

ဓာတ်ပုံများ ဆက်လက်ကြည့်ရှုရန်
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း သာသနရံသီ ဆရာတော်များနှင့် တပည့်ဒါယိကာ ဒါယိကာမများမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ထို့အတူ သာသနရံသီဝိဟာရတွင် ယမန်နေ့ (၁.၁.၂၀၁၀) က နှစ်သစ်ဆုတောင်းပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် စတင်ကျင်းပပြီး ဆရာတော်များနှင့်အတူ နှစ်သစ်အတွက် ပဌာန်းတရားတော်များကို တပည့်ဒါယိကာ ဒါယိကာမများနှင့်တကွ ရွတ်ဖတ်ပူဇော်ပြီး နှစ်သစ်မှာ [...]

၂ဝ၁ဝ နှစ်သစ်ဆုတောင်းပွဲ ကျင်းပမည်

Written on November 16th, 2009 by adminno shouts

လာမည့် ၂၀၁၀ နှစ်သစ် မေတ္တာပို့ဆုတောင်းပွဲကို ဇန်နဝါရီလ (၁) ရက် ညနေ (၃)နာရီ တွင် သာသနရံသီ ဝိဟာရတွင်  ကျင်းပမည်ဖြစ်ပါသည်။ ကြွရောက် လာကြသော ဧည့်ပရိသတ်တို့အား ဒေါက်တာဝင်းထွဋ္ဋ် နှင့် မမေလှမောင် သားကိုပေါက်တို့ မှ ကြာဇံဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးကြပါမည်။

တန်ဆောင်တိုင် မီးထွန်းပွဲနှင့် မသိုးသင်္ကန်းကပ်လှူပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Written on November 2nd, 2009 by adminno shouts

သာသနရံသီဝိဟာရကျောင်း၏ တန်ဆောင်တိုင် မီးထွန်းပွဲနှင့် မဟာဇေယျသုခ အောင်မြင်ချမ်းသာ ဘုရားကြီးအား မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၁ ရက် ၂ဝဝ၉ ခုနှစ်တွင် ဆရာတော် ဦးဥတ္တရ ဦးဆောင်သည့် ဆရာတော်များနှင့် တပည့်ဒါယကာ ဒါယိကာများ အတူတကွ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အခမ်းအနားကို ညနေ ၆ နာရီခန့်တွင် စတင်ကျင်းပခဲ့သည်။ ည (၇) နာရီအချိန်တွင် သံဃာတော်များနှင့် [...]

တန်ဆောင်တိုင်မီးထွန်းပွဲ နှင့် အောင်မြင်ချမ်းသာ ဘုရားကြီးအား မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲ

Written on October 28th, 2009 by adminno shouts

လာမည့် နိုဝင်ဘာ (၁) ရက်နေ့တွင် သာသနရံသီဝိဟာရတွင် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် အောင်မြင်ချမ်းသာ ဘုရားကြီးအား မသိုးသင်္ကန်းပူဇော်ပွဲ ကျင်းပမည်ဖြစ်ပါသောကြောင့် အတူတကွ ကုသိုလ်ယူတက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
အချိန် – ညနေ (၅) နာရီ မှ (၇) နာရီထိ
နေရာ – သာသနရံသီဝိဟာရ
83, Booth Road, Colindale, NW9 5JU, London
ပွဲတော်လာပရိသတ်များကို ကိုရဲမင်းကျော်နှင့် [...]

ရန်ပုံငွေ ဈေးရောင်းပွဲ

Written on October 21st, 2009 by adminno shouts

နက်နဲညာဏ်ရှိ၊ မျိုးဇာတိနှင့်၊ ပဏ္ဍိတပေါင်း၊ သူတော်ကောင်းကား၊ အကောင်းပြုရဲ၊ မကောင်းခဲ၏၊ (မဃဒေဝ – ပိုဒ် -၂၈၆ )
ဖေါ်ပြပါ စာပိုဒ် ဆိုမိန့်ခဲ့သည်နှင့်အညီ

မိမိတို့ အမျိုးဇာတိ မျိုးဆက်သစ်များအတွက် ထင်ရှားသိနေဖို့ အတွက်၎င်း
မိမိတို့ ကိုးကွယ်သည့် ဘာသာဖြင့် ကမ္ဘာသူ ကမ္ဘာသားများအား မိမိတို့နှင့်အတူ ကုသိုလ်ယူနိုင်ရေး အတွက်၎င်း
မိမိတို့ ယဉ်ကျေးမှုများကို သားစဉ် [...]

သာသနာ့ရံသီဝိဟာရ စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပပြီးဆုံး

Written on October 19th, 2009 by adminone shout

လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရကျောင်း၏ စုပေါင်းမဟာဘုံကထိန်ပွဲကို ယခုလ အောက်တိုဘာလ ၁၈ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ တပည့်ဒါယကာ ဒါယိကာမများ စုံညီစွာတက်ရောက်ကြပြီး သံဃာတော်များကို ကထိန်သင်္ကန်းတို့ဖြင့် ရိုးရာမပျက် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ ကထိန်ပွဲလာ ပရိသတ်များကို သာသနရံသီကျောင်းမှ ထမင်းဟင်းတို့ဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးစီးခဲ့ပါတယ်။
မဟာဘုံကထိန်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီကြသော [...]

သီတင်းကျွတ်မီးထွန်းပွဲ နှင့် အနန္တော အနန္တ ငါးပါး ပူဇော်ပွဲ အောင်မြင်စွာပြီးဆုံး

Written on October 4th, 2009 by adminno shouts

သာသနာ့ရံသီဝိဟာရကျောင်း၏ သီတင်းကျွတ်မီးထွန်းပွဲ နှင့် အနန္တော အနန္တ ငါးပါး ပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ နာရီခန့်မှာ စတင်ကျင်းပခဲ့ပါတယ်။ မီးထွန်းပွဲ မကျင်းပမှီ Europe တွင် အကြီးမားဆုံးနှင့် အခမ်းနားဆုံးတည်ဆောက်မည့် သာသနာ့ရံသီ Buddhist Center ကြီးအတွက် အစည်းအဝေးကို စတင်ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးသို့ သက်ဆိုင်ရာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ Barnet Council [...]

အောက်တိုဘာလအတွင်း လုပ်ငန်းများ

Written on October 1st, 2009 by adminno shouts

သီတင်းကျွတ် မီးထွန်းပွဲ
စုပေါင်းမဟာဘုံကထိန်
ကျောင်းရန်ပုံငွေ ဈေးရောင်းပွဲ

သီတင်းကျွတ် မီးထွန်းပွဲ နှင့် အနန္တောအနန္တငါးပါး ပူဇော်ပွဲ

Written on September 23rd, 2009 by adminno shouts

အောက်တိုဘာလ ၄ ရက်နေ့ ၂၀၀၉ တွင် သာသနရံသီဝိဟာရ၌ သီတင်းကျွတ်မီးထွန်းပွဲ နှင့် အနန္တော အနန္တ ငါးပါး ပူဇော်ပွဲကို ကျင်းပမြည်ဖြစ်သောကြာင့် ကုသိုလ်ယူ တက်ရောက်နိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားလိုက်ရပါတယ်။
ကျင်းပမည့်နေရာ > သာသနရံသီဝိဟာရ
အချိန် [...]

စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ

Written on September 17th, 2009 by adminno shouts

ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား …
သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ဆင်ယင်ကျင်းပမည်ဖြစ်ရာ သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူ သည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၄) ပါးနှင့် ပင့်သံဃာ (၈)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၂) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့်  အခြားသော  လှူဒါန်းဖွယ်ရာများကို [...]