သာသနရံသီဝိဟာရ ပညာရေးကော်မတီအဖွဲ့ အစည်းအဝေးကို ယနေ့ညနေ ၄း၃၀ နာရီတွင် သာသနရံသီဝိဟာရတွင် ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ ပညာရေးကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။ ပညာရေးကော်မတီအဖွဲ့ ဥက္ကဌက ပညာ နရာနံ ရတနံ = ဟူသော စကားအရ လူတို့၏ ရတနာ အစစ်သည် စိန်ရွှေငွေများမဟုတ်ဘဲ ပညာသည်သာလျှင် လူသားတို့၏ ရတနာအစစ်ဖြစ်ကြောင်း ထိုကြောင့် လူငယ်မောင်မယ်တို့အတွက် ပညာရေးအတွက် ဆောင်ရွက်ဖို့ ယနေ့စုဝေးရောက်ရှိလာခြင်းသည် အင်မတန် မွန်မြတ်လှပါကြောင်း မိန့်တော်မူပါသည်။ အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေးတိုင်ပင်ကြရာ စနေနေ့တိုင်း သင်တန်းများကို အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်ရန် သဘောတူဆုံးဖြတ်ကြပါသည်။
၁။ ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းနှင့် မြန်မာစာသင်တန်း (ညနေ ၃း၀၀ မှ ၄း၀၀ နာရီ)
၂။ အဘိဓမ္မာ သင်တန်း (ညနေ ၄း၀၀ မှ ၅း၀၀ နာရီ)
၃။ လူငယ်စကားဝိုင်း (ညနေ ၅း၀၀ မှ ၅း၄၅ နာရီ)
ကျောင်းသားစာရင်းများ သာသနရံသီဝိဟာရသို့ ဆက်သွယ်ပေးသွင်းနိုင်ပါပြီ။
ဖုန်း – ၀၂၀ ၈၂၀၅ ၀၂၂၁









Recent Comments