1 (3)

သာသနရံသီဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထမနဲပွဲတော်နှင့် စာပေဟောပြောပွဲကို ၃၁ရက် ဇန်နဝါရီ ၂၀၁၀  ခုနှစ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ပြာသိုလ၏ ပွဲတော်ဖြစ်သည့် ထမနဲပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စည်ကားစွာ ကျင်းပကြသကဲ့သို့  မြန်မာပြည်နှင့် အလှမ်းဝေးကွာရာ လန်ဒန်မြို့တွင်လည်း ဆရာတော်နှင့် တပည့်ဒါယိကာ ဒါယိကာမများ၏ လက်တွဲညီဝိုင်းဝန်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ပထမဦးစွာ စာပေဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ ဦးစန်းမောင် (Dr. Gustaaf Houtman) မှ မြန်မာနိုင်ငံ၏ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာ ပညာရပ်များကို ဟောပြောခဲ့ပြီး ပရိတ်သတ်များနှင့် အပြန်အလှန်အမေးအဖြေများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်ထမနဲထိုးပွဲတော်ကို ညနေ ၄ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ထမနဲထိုးရာတွင် ယခင်နှစ်များထက် လူပရိသတ်များပိုမိုပြားပါဝင်လာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရပါသည်။ စာပေဟောပြောပွဲနှင့် ထမနဲပွဲ မှတ်တမ်းတင်ရိုက်ကူးထားသော ဓာတ်ပုံများကိုအောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။

စာပေဟောပြောပွဲနှင့် ထမနဲပွဲတော် အမှတ်တရဓာတ်ပုံများ

Share and Enjoy:
  • Print this article!
  • Digg
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati

Leave a Reply

(required)

(required)