DSC_0038
သာသနရံသီဝိဟာရကျောင်း၏ တန်ဆောင်တိုင် မီးထွန်းပွဲနှင့် မဟာဇေယျသုခ အောင်မြင်ချမ်းသာ ဘုရားကြီးအား မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၁ ရက် ၂ဝဝ၉ ခုနှစ်တွင် ဆရာတော် ဦးဥတ္တရ ဦးဆောင်သည့် ဆရာတော်များနှင့် တပည့်ဒါယကာ ဒါယိကာများ အတူတကွ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အခမ်းအနားကို ညနေ ၆ နာရီခန့်တွင် စတင်ကျင်းပခဲ့သည်။ ည (၇) နာရီအချိန်တွင် သံဃာတော်များနှင့် ပရိသတ်များက ဆီမီးခွက်များဖြင့် ဘုရားဂုဏ်တော်များ ရွတ်ဆိုကာ လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်ကြပြီး ဆရာတော်များနှင့် ပရိသတ်များက အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီးအား ဆီမီးခွက် (၁ဝ၈) ခွက်ဖြင့် ကပ်လှူပူဇော်ကြသည်။ ထို့နောက် စုပေါင်းဘုရားဝတ်ပြုကြသည်။

သာသနရံသီဆရာတော် ဦးဥတ္တရမှ မသိုးသင်္ကန်းကပ်လှူရခြင်းအကြောင်း ဟောကြားပြီးနောက် ယခုလို ဘာသာရေးပွဲများ နှင့် အလားတူ ပွဲတော်များကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ဗုဒ္ဓစင်တာကြီးဖြစ်ပေါ်လာရေးအတွက် စုပေါင်းညီညွတ်စွာ ကြိုးပမ်းကြရန် မိန့်တော်မူပါသည်။ ထို့နောက် ဆရာတော် ဒေါက်တာဦးသြသဓသာရမှ ဗုဒ္ဓစင်တာကြီးဖြစ်မြောက်ရေးအတွက် စိတ်အားထက်သန်သော လုပ်အား၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ နှင့် မျိုးဆက်သစ်များအတွက် သဒ္ဒါမျိုးစေ့ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ဗုဒ္ဓစင်တာကြီးအတွက် ရည်ရွယ်ချက်ကြီးမားမြင့်မြတ်၍ အပြန်အလှန်သီးခံနိုင်သော စိတ်စွမ်းအားများ ထားရှိကြရန် လေးနက်စွာ မိန့်ကြားတော်မူပါတယ်။ တက်ရောက်လာသော ပရိသတ်များကို ကိုမင်းရဲကျော်နှင့် နန်းချိုမူအေးတို့မှ ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို ည ၈ နာရီခွဲခန့်မှာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။

မှတ်တမ်းတင်ဓာတ်ပုံများ ကြည့်ရှူ့ရန်

Share and Enjoy:
  • Print this article!
  • Digg
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati
Filed under သတင်း Tags:

Leave a Reply

(required)

(required)