နက်နဲညာဏ်ရှိ၊ မျိုးဇာတိနှင့်၊ ပဏ္ဍိတပေါင်း၊ သူတော်ကောင်းကား၊ အကောင်းပြုရဲ၊ မကောင်းခဲ၏၊ (မဃဒေဝ – ပိုဒ် -၂၈၆ )
ဖေါ်ပြပါ စာပိုဒ် ဆိုမိန့်ခဲ့သည်နှင့်အညီ
- မိမိတို့ အမျိုးဇာတိ မျိုးဆက်သစ်များအတွက် ထင်ရှားသိနေဖို့ အတွက်၎င်း
- မိမိတို့ ကိုးကွယ်သည့် ဘာသာဖြင့် ကမ္ဘာသူ ကမ္ဘာသားများအား မိမိတို့နှင့်အတူ ကုသိုလ်ယူနိုင်ရေး အတွက်၎င်း
- မိမိတို့ ယဉ်ကျေးမှုများကို သားစဉ် မြေးဆက် လက်ဆင့်ကမ်း၍ ဆက်လှမ်းနိုင်ရေး အတွက်၎င်း
လန်ဒန်မြို့တွင် မြန်မာနိုင်ငံ၏ ဓမ္မာရုံကျောင်းကြီး ပုံစံအတိုင်း စူးလစ် မွန်းချွန် ပန်းခိုင် ပန်းလက်တို့ဖြင့်၎င်း စေတီတော်များ တည်ထား၍၎င်း ဆောက်လုပ်ရန် ကျောင်းမြေကွက် ဝယ်ယူခွင့် ရရှိပြီးလျှင် ထောက်ပံ့ လှူဒါန်းနိုင်ရေးအတွက် မြန်မာရိုးရာ အစားအစာများ စားသောက်ရင်း ကျောင်းဒါယကာ ဒါယိကာမအဖြစ် ကိုယ်တိုင်ပါဝင် လှူဒါန်းနိုင်ပါကြောင်း သာသနာ့မိတ်ဆွေ အပေါင်းတို့အား နှိုးဆော်ပန်ကြား သတင်းကောင်းများ ပါးလိုက်ပါသည်။
ရောင်းချမည့် အစားအစာများ
- ပြည်ပလာတာ
- ရွှေတောင်ခေါက်ဆွဲ
- ဟင်္သာတ မုန့်ဟင်းခါး
- တရုတ်တန်းခေါက်ဆွဲကြော်
- ရွှေတောင်တန်း ကော်ပြန့်စိမ်း
- စကော့ဈေး ဝက်သားဒုတ်ထိုး
- ကျားကွက်သစ် ကြာဇံချက်
- မြန်မာ့ရိုးရာ နံနက်စာ
- ကောက်ညှင်းပေါင်း နှင့် ငါးခြောက်
- ဒေါ်ပု ပဲပြုတ်
- စိတ်တိုင်းကျ လဘက်ရည်
- လက်ရွေးစင် ကော်ဖီ
- ဆူးလေ ကျောက်ကျော
- ကျောက်မြောင်း ဆနွင်းမကင်း
- ရွှေဘုံသာ ရွှေရင်းအေး
စသည်တို့ကဲ့သို့ မြန်မာနိုင်ငံမှ နာမည်ကျော် မြန်မာ့ရိုးရာ အစားအသောက်များကို အလွမ်းပြေ တစ်နေရာထဲမှာ သုံးဆောင်ရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝမည့် သာသနရံသီ ကျောင်းမြေကွက်သစ် အလှူ ကြုံတောင့်ကြုံခဲ ကုသိုလ်ပွဲ။
နေ့ရက် – ၃၁.၁ဝ.၂ဝဝ၉ စနေနေ့
အချိန် – နံနက် ၁ဝ နာရီမှ နေ့လည် ၁:ဝဝ နာရီထိ
နေရာ – St Michael & All Angels Parish Hallယ Priory Avenue
London W4 1TX
Nearest Station : Turnham Green









Recent Comments