DSC_000

လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရကျောင်း၏ စုပေါင်းမဟာဘုံကထိန်ပွဲကို ယခုလ အောက်တိုဘာလ ၁၈ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ တပည့်ဒါယကာ ဒါယိကာမများ စုံညီစွာတက်ရောက်ကြပြီး သံဃာတော်များကို ကထိန်သင်္ကန်းတို့ဖြင့် ရိုးရာမပျက် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ ကထိန်ပွဲလာ ပရိသတ်များကို သာသနရံသီကျောင်းမှ ထမင်းဟင်းတို့ဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးစီးခဲ့ပါတယ်။

မဟာဘုံကထိန်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီကြသော ဒါယကာ ဒါယိကာများ နှင့် လူငယ်မောင်မယ်တို့အား ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ရပါတယ်။ မှတ်တမ်းတင် ဓာတ်ပုံများကိုလည်း အောက်ပါနေရာတွင် ကြည့်ရှု့နိုင်ပါတယ်။

မဟာဘုံကထိန် မှတ်တမ်းတင်ဓာတ်ပုံများ

Share and Enjoy:
  • Print this article!
  • Digg
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati

One Comments to “သာသနာ့ရံသီဝိဟာရ စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပပြီးဆုံး”

  • myatsu says:

    Ven:Sir,

    I’m very pleased after seeing the photos of the kathina ceremony.May your work for our religion be successful more and more in Europe.

    Myat Su

Leave a Reply

(required)

(required)