သာသနာ့ရံသီဝိဟာရကျောင်း၏ သီတင်းကျွတ်မီးထွန်းပွဲ နှင့် အနန္တော အနန္တ ငါးပါး ပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ နာရီခန့်မှာ စတင်ကျင်းပခဲ့ပါတယ်။ မီးထွန်းပွဲ မကျင်းပမှီ Europe တွင် အကြီးမားဆုံးနှင့် အခမ်းနားဆုံးတည်ဆောက်မည့် သာသနာ့ရံသီ Buddhist Center ကြီးအတွက် အစည်းအဝေးကို စတင်ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးသို့ သက်ဆိုင်ရာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ Barnet Council မှ ဧည့်သည်တော်များတက်ရောက်ကြပြီး သာသနာ့ရံသီ စင်တာကြီးဆောက်လုပ်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။ စေတနာရှင် ကုသိုလ်ရှင်များမှလည်း ကျောင်းဆောက်လုပ်ရန်အတွက် အလှူငွေတို့ကို ဆရာတော်ဦးဥတ္တထံသို့ လှူဒါန်းခဲ့ကြပါတယ်။ ထို့နောက်မှာတော့ သီတင်းကျွတ် မီးထွန်းပွဲ နှင့် အနန္တော အနန္တ ငါးပါး ပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး သာသနာ့ရံသီကျောင်း ဆရာတော်များ နှင့် သက်ကြီးဝါကြီး လူကြီးများထံမှ သြ၀ါဒများကို နာယူခဲ့ကြပါတယ်။ ကြွရောက်လာသည့် ဧည့်သည်တော်များကို ကိုမြအောင်မှ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

မှတ်တမ်းတင်ဓာတ်ပုံများ ကြည့်ရှူရန် နှိပ်ပါ

Share and Enjoy:
  • Print this article!
  • Digg
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati
Filed under သတင်း Tags:

Leave a Reply

(required)

(required)