Archive for January, 2010:

ထမနဲပွဲ နှင့် စာပေဟောပြောပွဲ ကျင်းပမည်

Written on January 2nd, 2010 by adminno shouts

သာသနရံသီဝိဟာရကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းထမနဲပွဲတော်ကို လာမည့် ဇန်နဝါရီလ ၃၁ ရက် ၂၀၁၀ ခုနှစ် တနင်္ဂနွေနေ့တွင် ညနေ ၃ နာရီမှစ၍ သာသနရံသီဝိဟာရတွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါထမနဲပွဲနှင့်အတူ စာပေဟောပြောပွဲကိုလည်း အတူကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ ဓမ္မမိတ်ဆွေအပေါင်းနှင့် ဒါယိကာ ဒါယိကာမအပေါင်းတို့အား ဖိတ်ကြားအပ်ပါသည်။
ဟောပြောမည့် Speaker : Dr. Gustaaf Houtman (ဦးစန်းမောင်)
Topic : [...]

စာပေဟောပြောပွဲများ ကျင်းပမည်

Written on January 2nd, 2010 by adminno shouts

လန်ဒန်ရောက် မြန်မာမျိုးဆက်သစ်လူငယ်များ ဗဟုသုတဖလှယ်စေနိုင်ရန်နှင့် အတွေ့အကြုံသစ်များ၊ နည်းလမ်းကောင်းများ ရရှိစေရန် အဓိက ရည်ရွယ်ပြီး သာသနရံသီဝိဟာရကျောင်းတွင် စာပေဟောပြောပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ စာပေဟောပြောပွဲများကို လတိုင်း၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်ပါဝင်ဆွေးနွေး နိုင်ကြမည် ဖြစ်ပါသည်။ ဟောပြောမည့် ပုဂ္ဂိုလ်များကိုလည်း လစဉ်အလိုက်၊ ဟောပြောမည့် ခေါင်းစဉ်အလိုက် လုပ်ငန်းကျွမ်းကျင်သည့် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ်ဆွေးနွေးသွားမည်။
ဟောပြောပွဲ [...]

နှစ်သစ်ဆုတောင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Written on January 2nd, 2010 by adminno shouts

ဓာတ်ပုံများ ဆက်လက်ကြည့်ရှုရန်
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း သာသနရံသီ ဆရာတော်များနှင့် တပည့်ဒါယိကာ ဒါယိကာမများမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ထို့အတူ သာသနရံသီဝိဟာရတွင် ယမန်နေ့ (၁.၁.၂၀၁၀) က နှစ်သစ်ဆုတောင်းပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် စတင်ကျင်းပပြီး ဆရာတော်များနှင့်အတူ နှစ်သစ်အတွက် ပဌာန်းတရားတော်များကို တပည့်ဒါယိကာ ဒါယိကာမများနှင့်တကွ ရွတ်ဖတ်ပူဇော်ပြီး နှစ်သစ်မှာ [...]