Archive for the ‘ဓာတ်ပုံများ’ Category:
Written on August 28th, 2010 by adminno shouts
၁၅၊၈၊၂၀၁၀ နေ့မှစတင်ပြီး နေ့လည် (၂)နာရီမှ (၄)နာရီအထိ ကလေးသူငယ်များအတွက် အရွယ်အလိုက် မြန်မာစာနှင့် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၂၁ ။၈။ ၂၀၁၀နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီးပါသည်။ ယင်းသင်တန်းဆင်းပွဲတွင် ဆရာတော်များနှင့် မိဘများမှ သင်တန်း၏အကျိုး သက်ရောက်မှုများကို ဝမ်းမြောက် ဝမ်းသာစွာ အသီးသီးပြောကြပြီးနောက် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို အမှတ်တရပေးအပ်ကာ အခမ်း အနားကို [...]
Written on July 30th, 2010 by adminno shouts
၂၅.၀၇.၂၀၁၀ တွင် ကျင်းပပြီးစီးခဲ့သော သာသနရံသီဝိဟာရ၏ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆရာတော်ဦးဥတ္တရ၏ ၅၂ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲ မှတ်တမ်းတင် ဓာတ်ပုံများဖြစ်ပါသည်။ ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်အပ်ပါသည်။
မှတ်တမ်းတင်ဓာတ်ပုံများ ကြည့်ရှူ့ရန်
Written on April 20th, 2010 by adminno shouts
လန်ဒန်မြို့ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်များ ဦးဆောင်ပြီး ကျင်းပသည့် နှစ်သစ်ကူး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၈ ရက်၊ ၂၀၁၀ နေ့က လန်ဒန်မြို့ Greenford Town Hall တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်ခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားနာယူခဲ့ကြပါသည်။ ဆက်လက်ပြီး လန်ဒန်ရောက် မြန်မာမိသားစုများမှ [...]
Written on February 2nd, 2010 by adminno shouts
သာသနရံသီဝိဟာရ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထမနဲပွဲတော်နှင့် စာပေဟောပြောပွဲကို ၃၁ရက် ဇန်နဝါရီ ၂၀၁၀ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ပြာသိုလ၏ ပွဲတော်ဖြစ်သည့် ထမနဲပွဲတော်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စည်ကားစွာ ကျင်းပကြသကဲ့သို့ မြန်မာပြည်နှင့် အလှမ်းဝေးကွာရာ လန်ဒန်မြို့တွင်လည်း ဆရာတော်နှင့် တပည့်ဒါယိကာ ဒါယိကာမများ၏ လက်တွဲညီဝိုင်းဝန်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ပထမဦးစွာ စာပေဟောပြောပွဲကို ညနေ ၃ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ ဦးစန်းမောင် [...]
Written on October 19th, 2009 by adminone shout
လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရကျောင်း၏ စုပေါင်းမဟာဘုံကထိန်ပွဲကို ယခုလ အောက်တိုဘာလ ၁၈ ရက် တနင်္ဂနွေနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ တပည့်ဒါယကာ ဒါယိကာမများ စုံညီစွာတက်ရောက်ကြပြီး သံဃာတော်များကို ကထိန်သင်္ကန်းတို့ဖြင့် ရိုးရာမပျက် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ ကထိန်ပွဲလာ ပရိသတ်များကို သာသနရံသီကျောင်းမှ ထမင်းဟင်းတို့ဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးစီးခဲ့ပါတယ်။
မဟာဘုံကထိန်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီကြသော [...]
Recent Comments