နှစ်သစ်ဆုတောင်းပွဲ

လာမည့် ၂၀၁၂ ခု ဇန်နဝါရီလ ၁ ရက်နေ့ တွင်  မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့  အတွက် ဆုတောင်မေတ္တာပို့သပွဲကို လန်ဒန်မြို့ သာသနရံသီ ဝိဟာရတွင် ကျင်းပ ကြမည်ဖြစ်ပါသည်။ နေ့လည် ၂ နာရီမှ စတင်၍ နှစ်သစ် ဆုတောင်းမေတ္တာပို့သပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား Dr ဝင်းထွဋ်+ မမေလှမောင် သား ကိုပေါက် နှင့် မောင် ကိုစိန်လွင်ဦးတို့မှ ကြာဇံဟင်းခါး တိုဖြင့် ကျွေးမွေးဧည့်ခံပြီးလျှင် ၅ နာရီတိတိတွင်  ဆုတောင်းမေတ္တာပို့သပွဲ အစီအစဉ်ကို စတင်ကျင်းပကြမည် ဖြစ်ပါသည်။ နှစ်သစ်ကို ကြိုဆိုရင်း နှစ်သစ်မှာ အစစ အရာရာ အောင်မြင်ချမ်းသာ လိုသော မေတ္တာစေတနာ များဖြင့် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ကြွရောက်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။ ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း သာသနရံသီ ဝိဟာရတွေက် ရံပုံငွေ ဈေးရောင်းပွဲကိုလည်း ယခင်ကျင်းပနေကြဖြစ်သော  St Agnes centre, Gillingham Road, Cricklewood တွင်ကျင်းပမည်။

သာသနရံသီ ဆရာတော်များ ၊ သာသနရံသီ ဝိဟာရ ဂေါပက နှင့် ပုညသဟာယ အဖွဲ့

This entry was posted in ဖိတ်ကြားခြင်း. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>