သာသနရံသီ ၀ိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန် အလှူတော် ကထိနမင်္ဂလာကို ( ၇ ၊ ၁၁ ၊ ၂၀၁၀) တနင်္ဂနွေနေ့တွင် သာသနရံသီ ဝိဟာရ 83 Booth Road ဆင်ယင်ကျင်းပခဲ့ပြီး သာသနရံသီဝိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော် အရှင်မြတ် (၃) ပါးနှင့် ပင့်သံဃာ (၇)ပါး အပါအ၀င် သံဃာတော် အရှင်သူမြတ် (၁၀) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြားသောလှူဒါန်းဖွယ်ရာ များကိုး လှူဒါန်းခဲ့ပြီးလျှင်
သံဃာတော် အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို နာကြားခဲ့ကြပါသည်။ ညနေ (၄)နာရီတွင် အခမ်း အနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ စုပေါင်းဆွမ်းအလှူရှင်များအားလည်းကောင်း ကထိန်သင်္ကန်းအလှူရှင်များအားလည်းကောင်း ယခုနှစ်တွင် ကထိန်သင်္ကန်းကပ်လှူပွဲသို့ကြွရောက်လာကြသောဧည့်ပရိသတ်အားလုံးတို့အား ဒန်ပေါက်ဆွမ်း ၊ ထမင်းတို့ဖြင့်ကျွေးမွေးဧည့်ခံ လှူဒါန်းခဲကြသော အလှူရှင် ကိုမြင့်နိုင် ကိုညီညီမိုး+ မတင့်တင့်အောင်၊ ဒေါက်တာစန်းစန်းနှင့် မောင်ဘိုဘိုပိုင် တို့အားလည်းကောင်း သန့်ရှင်းရေးမှအစ ဝေယျာဝစ္စကုသိုလ်အဝဝကို ပြုလုပ်ပေးခဲ့ကြသော သာသနရံသီ ဒကာ ဒကာမ ကြီးငယ် အားလုံးတို့အားလည်း သာသနရံသီ ဆရာတော်များ , သာသနရံသီ ဂေါပက အဖွဲ့နှင့် ပုညသဟာယ အသင်းသူအသင်းများက လှိုက်လှဲစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ အားလုံးဝမ်းမြောက်အနုမော် သာဓ့ခေါ်နိုင်ကြစေသတည်း။

Pingback: DALE
Pingback: JORGE
Pingback: CLIFTON
Pingback: PETER
Pingback: JEFFERY
Pingback: THEODORE
Pingback: BRADLEY
Pingback: MICHAEL
Pingback: NATHANIEL
Pingback: HARVEY
Pingback: CHARLIE
Pingback: BRANDON
Pingback: MICHEAL
Pingback: NATHAN
Pingback: LUKE
Pingback: FRED
Pingback: DAN
Pingback: NATHAN
Pingback: STEVE
Pingback: RAFAEL
Pingback: ARTURO
Pingback: ARTURO
Pingback: DOUG
Pingback: WESLEY
Pingback: JIM
Pingback: JORDAN
Pingback: BRETT
Pingback: JEREMY
Pingback: HARRY